Unicode
Jk:ကဲ. ဒါဆို.. အားလုံးဘဲပိတ်ရက်မှာ.. လေ့ကျင့်ပီးဆွဲခဲ့ကြ..
All:nae..ပန်းချီသင်တန်းလေးတစ်ခုကို ကိုယ်တိုင်ဖွင့်ထားတဲ့Jungkook.... မိဘတွေကချမ်းသာပီးနိုင်ငံခြားမှာနေပေမဲ့... ကိုယ်ဝါသနာပါတဲ့... ပန်းချီပညာကို လက်ဆင့်ကမ်းနေခြင်းပင်..
တစ်ချိန်မှာမိဘအမွေကို... ဆက်ခံရမယ်ဆိုတာသိပေမဲ့.... ငယ်စဥ်ထဲကဝါသနာဖြစ်တဲ့ ပန်းချီကိုလဲမစွန့်လွှတ်နိုင်... ဒါကြောင့်မိဘတွေနဲ့... ၅နှစ်ပြည့်တာနဲ့.. နိုင်ငံခြားသွားပီး.. အမွေဆက်ခံမည်ဟု အပေးအယူလုပ်ခဲ့သည်...
တစ်ဦးတည်းသောသားတော့မဟုတ်... Jeon Seokjinဆိုတဲ့အကိုလဲရှိသည်... အော် Kim Seokjinပေါ့ လွန်ခဲ့တဲ့တစ်နှစ်ကဘဲ အကိုဖြစ်သူက.. သူ့ရည်းစားကောင်လေးKim Namjoonနဲ့လက်ထပ်ခဲ့သည်...
အဖေကလက်မခံပေမယ့် တစ်ဇွတ်ထိုးအကိုက.. မျိုးရိုးနာမည်ပါ ပြောင်းခဲ့သည် .. နောက်တော့အဖေဘဲလက်လျော့ပီး... သက်ဆိုင်ရာအမွေတစ်ဝက်ကိုပေးခဲ့သည်....
မိဘတွေအကိုတွေက နိုင်ငံခြားမှာနေပီး တစ်ယောက်ထဲkoreaမှာလာနေရတဲ့ အကြောင်းရင်းကနှစ်ချက်ရှိသည်... ပထမတစ်ချက်က ပန်းချီ... ဒုတိယတစ်ချက်ကသူမ.....
သူမနဲ့က.. ငယ်ထဲကခင်ခဲ့တဲ့သူငယ်ချင်းပင်.... နိုင်ငံခြားမှာနေတယ်ဆိုပေမဲ့... ငယ်ငယ်က koreaမှာဆယ်နှစ်အရွယ်ထိနေခဲ့ဖူးသည်.. အိမ်ချင်းကပ်ရပ်ဖြစ်တဲ့သူမနဲ့..မိဘချင်းလဲရင်းနှီး... အသက်အရွယ်လဲတူတော့ ခင်မင်သွားခြင်းပင်...
အဲ့ကနေတစ်ဆင့်... ကြီးပြင်းလာတဲ့အသက်အရွယ်နဲ့အတူ သံယောဇဥ်တွေကလဲပိုခိုင်လာသလို ရင်ခုန်သံတွေဟာလဲပေါက်ဖွားခဲ့သည်... သူမနဲ့တွဲနေတာ... ဘွဲ့ရပီးထဲကခုချိန်ထိ.. လေးနှစ်တာရှိခဲ့ပီ....
ရန်မဖြစ်ကြသလို. သူမကနားလည်မှုလဲရှိသည်... တွေးရင်းဖုန်းထဲmessageဝင်လာ၍ဖွင့်ကြည့်လိုက်တော့...
"ရှေ့မှာရောက်နေပီ♥"
Messageဖတ်ပီး. နှူတ်ခမ်းပေါ်ကအပြုံးနဲ့အတူ... လူဟာလဲ... ကျောင်းရှေ့ဆီသို့...သူမကဒီဇိုင်းနာတစ်ဦးပင်.... အရင်နေ့တွေ သူမကို. အကြိုအပို့လုပ်ပေးပေမဲ့.. ဒီနေ့တော့ သူမအားလပ်ရက်မလို့ သူမကလာကြိုခြင်းပင်.... ကားကိုမှီပီး... ရပ်စောင့်နေတဲ့သူမကလှလွန်းသည်...
YOU ARE READING
"Lie" [Uni & Zaw]
FanficJJK 💫 PJM 🌫️Own Creation🌫️ Start ★29.9.2020★ End ★7.12.2020★