Ten's POV
"Happy Birthday ကျွန်တော်ချစ်ရတဲ့ကိုကိုရေ"
ဒီနှစ်တော့ ကိုကိုရဲ့မွေးနေ့ပွဲကို အိမ်မှာဘဲ နှစ်ယောက်လုပ်ဖြစ်တယ်
"မျက်စိမှတ်ထားနော်..ကိုကို.."
"အဲ့ဆိုကိုကိုက ဘာမှမမြင်ရတော့ဘူးပေါ့"
"မမြင်ရအောင် မှိတ်ခိုင်းတာကို ..
မှိတ်ထားနော်..ကိုကို လက်ဆောင်သွားယူအုံးမယ်
"1.2..3 ဖွင့်လို့ရပြီဆိုမှ ဖွင့်နော်""1..2..3....ဖွင့်လို့ရပြီ ကိုကို"
"ဘာဖိုင်ကြီးလဲ..ကိုကိုအတွက် Companyဝယ်ပေးထားတာလား"
"ဟာ..အထဲမှာ ဘာရှိလဲမကြည့်ဘဲ..လျှောက်ပြောတော့တာဘဲ"
"ဟား..ဟား..စတာပါ သဲငယ်လေးရယ်..."
ကိုကိုရဲ့အံ့သြသံနဲ့အတူ ပျော်နေတဲ့ကိုကိုမျက်နှာ
"ကလေး..ကလေးအဲ့တာက..Oh My God..နောက်ဆုံးတော့ ကိုကိုကလေးအဖေဖြစ်ပြီးတော့""အွန်းလေ.."
"အဲ့ဆို ခုကလေးဗိုက်ထဲမှာ.."
"ပျော်တယ်မလား ကိုကို"
"ပျော်တာပေါ့..ကလေးရဲ့..ဒါမဲ့ကလေးတော့ ပိုပင်ပန်း
တော့မှာပေါ့""ကလေးက မွေးပေးရုံဘဲလေ.ကိုကိုက ကလေးကိုရော ဗိုက်ထဲက ကလေးလေးကို စောင့်ရှောက်ရမှာ"
"ဒါနဲ့ ကလေးဘယ်လို ကိုယ်ဝန်ဆောင်ထားလိုက်တာလဲ"
"ဟာကိုကိုကလည်း ညံ့လိုက်တာ ခုခေတ်မှာ
Hormone Transfer Therapy တွေ အများကြီးရှိတယ်လေ အဲ့ထဲက ကလေးက Pregnancy Via Abdominal
Cavityနည်းနဲ့ ယူလိုက်တာ""အဲ့တာဆို ခက်မှာပေါ့"
"နိုးနိုး ကလေးက ကိုကိုနဲ့ယူဖို့ဆုံးဖြတ်ထားကတည်းက အဲ့တာကို သေသေချာချာ လေ့လာပြီးမှ ယူထားတာမို့
ကိုကိုက ကလေးကိုသာဂရုစိုက်ပေး"(ယောကျာ်းလေးတွေ ခုခေတ်မှာ ကလေးယူလို့ပါပြီနော်
ဒီမှာတော့ အတိုချုံဘဲပြောပြီးရေးလိုက်တာပါ Detailကို
Googleမှာ ရှာကြည့်လို့ရပါတယ်နော်)"ကလေးရဲ့နှလုံးရောဂါကရော.."
"ဆရာဝန်နဲ့အားလုံးတိုင်ပင်ပြီးမှ လုပ်ထားပါတယ်ဆို
ကိုကိုရယ် မွေးနေ့လက်ဆောင်လေးကို တန်ဖိုးထားပြီး
ပိုချစ်ပေးရမယ်နော်"
![](https://img.wattpad.com/cover/241421707-288-k414200.jpg)
YOU ARE READING
One And All -RateM (Zaw+Uni)
RomanceUnicode ကိုယ်ရဲ့ချစ်ခြင်းကို မင်းယုံဖို့ ကိုယ်မတောင်းဆိုဘူး ကိုယ်နဲ့ တူတူရှိနေရင် ခံစားရတဲ့ လုံခြုံမှု ပျော်ရွှင်မှူကနေ တစ်ဆင့် ကိုယ်ရဲ့ချစ်ခြင်းမေတ္တာကို မင်း ခံစားလာရစေမှာပါ Zawgyi ကိုယ်ရဲ့ချစ်ခြင်းကို မင်းယုံဖို့ ကိုယ်မတောင်းဆိုဘူး ကိုယ်နဲ့ တူတူရ...