Part 8-Uni

642 23 0
                                    

John's POV

နံနက်ခင်းနိုးလာတော့ လက်မောင်းပေါ်မှာ အိပ်ပျော်နေတာ ကလေးငယ် ကြည့်ရတာ မနေ့ညက တော်တော်
ပင်ပန်းသွားတယ်ထင်ပါရဲ့

ရေချိုးပြီးသားသားနဲ့ကလေးအတွက် မနက်စာပြင်ပေးရတယ်

"သားသားရေ..ထတော့မှာလား "

"ဟုတ် ဒယ်ဒီ"

အိပ်ချင်မူးတူးဖြစ်နေတဲ့ သားသားကို မျက်နှာသစ် သွားတိုက်ပေးဖို့ မနက်စာကျွေးဖို့ ထွက်လာလိုက်တယ်

"ဒယ်ဒီ ပါးပါးက ခုထိမထသေးဘူးလား"

"ပါးပါးနေမကောင်းလို့"

"ပါးပါးက ဘာမှလည်းမလုပ်ဘဲနေမကောင်းဖြစ်နေတယ်"

"သားသားရေ စား..အေးကုန်ရင်မကောင်းဘဲနေမယ်"

သားသားကို မနက်စာကျွေးပြီးတော့ ကာတွန်းကားပြထားပြီး အိပ်ခန်းထဲဝင်လာလိုက်တယ်

"ကလေးရေ ခုထိမထသေးဘူးလား"

"အွန်း...အိပ်ချင်သေးတယ်ကိုကို"

"ဘယ်ချိန်ရှိပြီလဲသိလားကလေးရဲ့ 11ထိုးတော့တယ်"

11ထိုးတော့မယ်လည်းကြားတော့ အလန့်တကြားထလိုက်တဲ့ကလေး

"ဖြည်းဖြည်းထပါ ကလေးရယ် နာကုန်တော့မယ်"

"အာ..အဲ့တာ ကိုကိုကြောင့် မနေ့ညက ကြမ်းလိုက်တာကို
ခုထိ နာနေတုန်း"

"ကိုကို ဆန်ပြုတ်ပြုတ်ထားပေးမယ် ရေချိုးလိုက်အုံး
ချိုးပေးရလား"

"ကိုကိုကွာ ဆန်ပြုတ်သွားပြုတ်တော့လေ ဘာကြည့်နေတာလဲ"

"သွားပြီနော် အဲ့ဆို..တကယ်သွားပြီနော်..တကယ်ချိုးပေးဖို့မလိုတာလား"

"ကိုကို ဘယ်လိုဖြစ်နေတာလဲ သွားတော့"

-------------------------------
Ten's POV

ရေချိုးပြီး အခန်းထဲကထွက်လာတော့ သားသားက

"ပါးပါးနေမကောင်းဘူးလား ဘယ်တုန်းကဖျားသွားတာလဲ"

"မနေ့ညက အအေးမိသွားလို့ သားသားရဲ့"

"ဒယ်ဒီဆန်ပြုတ်ပြုတ်ထားပေးတယ် စားလိုက်နော် ပါးပါး"

One And All -RateM (Zaw+Uni)Where stories live. Discover now