Part 10 -Uni

498 23 0
                                    

John's POV

"ကိုကို..ဒီနေ့အိမ်ပြန်နောက်ကျမယ်နော်.."

"ဘာလို့လဲ..နောက်ကျမှာလဲဟင်"

"ကိုကို မာမီက Companyက လူတစ်ချို့နဲ့ ညစာစားမလို့တဲ့"

"တအားမနောက်ကျနဲ့နော်"

"ဟုတ်ကဲ့ပါဗျာ..စိတ်ချ"

ကလေးကို နမ်းလိုက်ပြီး ထွက်လာခဲ့တယ်
...................

"မာမီ Companyက လူတွေလည်းမတွေ့ပါလား"

"ဟိုမှာလေ လာနေပြီသားရဲ့"

"ဟင် ....."

"အင်းလေ..သားရဲ့ မာမီတို့ 3ယောက် တူတူတစ်ခါမှ မစားဖူးလို့ အဲ့လိုစီစဥ်လိုက်တာ"

"မာမီကွာ အလုပ်မဟုတ်တာ တအားအလုပ်လုပ်တယ်"

"သား.."

ကျွန်တော်နဲ့ မာမီငြင်းနေစဥ် သူက ကြားဖြတ်ပြီး

"အန်တီနဲ့ Johnnyတို့ကလည်း ရန်မဖြစ်ကြပါနဲ့"

"သားနဲ့  Nieက ဒီလိုကျတော့ သိပ်လိုက်တာဘဲ"

"အန်တီကလည်း Johnnyက အခု အိမ်ထောင်နဲ့ကို"

"ဒီခေတ်မှာ အဲ့တာတွေက သိပ်အရေးမကြီးပါဘူး"

"မာမီ ကိုယ်သားကို အရှက်ခွဲနေတာလား"

"Johnnyကလည်း အန်တီပြောတဲ့ထဲမှာ ဘယ်ဟာက
အရှက်ခွဲတဲ့ဟာ ပါနေလိူ့လဲ..စိတ်ကြီးဘဲ"

မာမီနဲ့တော့ တကယ်စိတ်ပျက်တယ် ဒီနေရာကနေ မြန်မြန်ထွက်သွားမှာဖြစ်တော့မယ်

"စားပြီပြီဆိုတော့ ကျွန်တော်တို့ ပြန်ကြမလား"

"အင်း အဲ့ဆိုလည်းပြန်ကြရအောင်လေ..ဒါနဲ့ တို့ကားမပါဘူး"

"အဲ့ဆို Taxiငှားပေးရမလား"

"သား..ဘယ်လိုပြောနေတာလဲ..သမီးကို ကြည့်ရတာ
နည်းနည်း ဝိုင်မူးနေတယ်ပုံဘဲ"

"ရပါတယ် အန်တီရဲ့"

"ရတယ် မပြောနဲ့ အန်တီတို့နဲ့ဘဲ လိုက်လိုက်"

တကယ်ပါဘဲ မာမီနဲ့ကတော့ ဘာဘဲဖြစ်ဖြစ် အိမ်မြန်မြန်ရောက်ဖို့ဘဲ

"သားရေ..မေမေကို ဟိုအရှေ့နားမှာချပေး ဝင်စရာရှိလို့"
ကျွန်တော်လည်း အရှေ့မှာချပေးပြီး

One And All -RateM (Zaw+Uni)Where stories live. Discover now