Part-12 -Uni

617 18 0
                                    

Johnny's POV

ဒီနေ့တော့ Jaehyunနဲ့ Companyက သူငယ်ချင်းတစ်ချို့နဲ့တွေ့မှာဆိုတော့ အိမ်ပြန်နောက်ကျမယ်ထင်တယ် ကလေးက သိပြီးသားဆိုတော့ ကျွန်တော်ဖုန်းမဆက်တော့ဘူး

ရုံးဆင်းချိန်ရောက်တော့

"Johnny ..."

အနောက်က လှမ်းခေါ်သံအသံကြောင့် လှည့်ကြည့်လိုက်တော့ Nie

"Jaehyunရဲ့ ညစာစားပွဲသွားမှာမလား..တူတူသွားကြရအောင်လေ...ငြင်းဖို့ မကြံနဲ့
အဝတ်စားလည်း လှဲစရာမလိုဘူး....လမ်းလည်းကြုံနေတာဘဲ..တူတူသွားကြတာပေါ့"

ကျွန်တော်လည်း လမ်းကြုံလောက်တော့ ဘာမှမဖြစ်လောက်ပါဘူးဆိုပြီး သူနဲ့တူတူသွားလိုက်တယ်

ဟိုရောက်တော့ အားလုံးက ပျော်လိုက်သောက်လိုက်စားလိုက်နဲ့ သူ့ဟာနဲ့သူတော့ ဟုတ်နေကြတာဘဲ

"Johnny...Wineဘဲသောက်မလား..Beerသောက်မလား
တို့သွားယူပေးမယ်လေ"

"ကျွန်တော်ဘဲသွားယူလိုက်မယ်"

"Jaehyunနဲ့ အေးဆေးစကားပြောပါ..တို့ဘဲသွားယူလိုက်မယ်"

"အဲ့ဆို ကျွန်တော်ကို Beerဘဲယူလာပေးနော်"

"အွန်း...."

...................

Nie's POV

ဒီပွဲကို လာချင်လို့လာတာမဟုတ်ပါဘူး Johnnyကို အပိုင်သိမ်းဖို့လာခဲ့တာ ရီစရာကောင်းနေလား Johnny က
နင်ကိုမချစ်ဘဲ ဘယ်လိုသိမ်းမှာလဲဆိုတာ

အချစ်မပါဘဲလည်း ရယူဖို့ဆိုတာ အရမ်းလွယ်တယ် ချစ်ခြင်းမေတ္တာအခြေခံထားတဲ့နဲ့ သူ့အချစ်ကိုရလာမဲ့အချိန်ကိုထပ်ပြီးလည်း
မစောင့်တော့ဘူး စိတ်ကူးလည်းမရှိတော့ဘူး

အဲ့တော့ ခုလက်ထဲမှာ ကိုင်ထားတဲ့ Beerခွက်ထဲကို
ဒီ စိတ်ကြွဆေးထည့်ပြီး အမှားတစ်ခုကနေ အိမ်ထောင်တစ်ခုဖြစ်အောင်လုပ်ရုံဘဲရှိတော့မှာပေါ့

ကလေးဆန်နေရင်လည်း မတတ်နိုင်တော့ဘူး
အဓိကက ပိုင်ဆိုင်ဖို့ဘဲ ချစ်ခြင်းတွေ မပါတဲ့
ပိုင်ဆိုင်ခြင်းမျိုးဆိုလည်း အဆင်ပြေပါတယ်

"Johhny ရော့...."

"ကျေးဇူးဘဲ..."

"ဒါနဲ့ တို့ကို အိမ်ပြန်ပို့ပေးအုံးနော်...ကားမပါလာဘူးလေ"

One And All -RateM (Zaw+Uni)Where stories live. Discover now