Part 2 -Zawgyi

629 9 0
                                    

John's POV

"ဟေးကိုယ်လူရေ..လက်နေးရင်ခွက်ဆေးရမယ်နော်"Jaehyunက ကျွန်တော်ကိုတွေ့ရင် စနေတော့တာနဲ့
ကျွန်တော်လည်း မထူးဘဲဖွင့်ပြောဖို့သာ ကြိုးစားလိုက်တော့မယ်

"ဘယ်မှာလက်နှေးနေလို့လဲ ညနေကျရင် ငါဖွင့်ပြောတော့မယ်"

"တကယ်..တကယ်ကြီး သတ္တိတွေကောင်းလာပြီပေါ့
ဖွင့်ပြောရင်တောင် မင်းလိုချင်တဲ့အဖြေရပါစေကွာ ငါလူရာ"

"ရမှန်းမယ်သိလို့ သွားဖွင့်ပြောမှာ ..အိုကေ"

ကျွန်တော် Jaehyunကို စကားနိုင်အောင်ပြောပြီး ထွက်လာခဲ့တယ်

ညနေကျရင် Tenကို ညစာတူတူစားဖို့ပြောရင်း
ကျွန်တော် ဖွင့်ပြောဖို့ ပြင်ဆင်လိုက်တယ်

Angleဆိုတဲ့ Restaurant ရဲ့ Seoul မြို့ရဲ့ညခင်းအလှကိုကောင်းကောင်းမြင်နိုင်တဲ့ နေရာမှာ ကျွန်တော်သူကို
ချိန်းလိုက်တယ်

"Ten..ဒီမှာ "

"Nae..Johnny Ssi"

"ဘာစားချင်လဲ စားချင်တာ မှာလိုက်နော် "

"Johnnyကော မှာပြီးပြီလား"

"ကျွန်တော်က Ten မှာပြီးပြီမှ မှာမလို့ "

ဒီလိုနဲ့ ကျွန်တော်သူ ညစာတူတူစားကြရင်း

"Johnny ဒီနေရာလေးက မြင်ကွင်းတော်တော်လှတယ်နော် Seoulတစ်မျိုးလုံးကို မြင်ရတယ် "

"Tenက အဲ့လိုလေးတွေကို ကြိုက်တာလား"

"အွန်း..ကျွန်တော်ကအဲ့လိုမျိုးတွေ ကြည့်ရတာ တော်တော်ကြိုက်တယ် Johnnyကရော"

"ကျွန်တော်လည်းကြိုက်တယ် ဒါမဲ့ချစ်ရတဲ့လူတွေနဲ့
တူတူရှိရင် Seoulမြို့ကြီးကပိုလှတယ်"

"အာ..ဒါဆို Family Dateတွေဆို ဒီနေရာလေးက အဆင်ပြေမှာပေါ့နော်"

"အခု Tenနဲ့တူတူရှိနေရင်ကို လှနေပြီ"

"ဗျာ..."

"Ten ကျွန်တော်ကောင်လေးဖြစ်ပေးလို့ရမလား"

Ten အံ့သြသွားတဲ့ပုံမြင်လိုက်တော့ ကျွန်တော်ကဘဲ စကားပြန်စလိုက်ဖို့လုပ်နေရင်း သူဘက်က စပြောလာတယ်

One And All -RateM (Zaw+Uni)Where stories live. Discover now