Part 14 -Zawgyi

353 5 2
                                    

Ten's POV
"နိုးလာပြီလား..ဆန်ပြုတ်ပြုတ်ပေးထားတယ် စားပြီး
ဆေးသောက်လိုက်နော်"

"ကိုကို..."

"တစ်ခုခုပြောစရာရှိလို့လား"

"မနေ့ကပြောတာက တကယ်လား ကွာရှင်းဖို့ ကိစ္စလေ"

"အွမ်း..ကိုကိုဘက်ကတော့ တကယ် ကလေး
စဉ်းစားဖို့ အချိန်ယူချင်လည်း ယူပေါ့"

ကိုကိုလည်း ပြောပြောပြီးချင်း အခန်းထဲက ထွက်သွားလေတယ် ဘာကြောင့်လဲဆိုတာတောင် ကိုကိုနည်းနည်းမှ မရှင်းပြတော့ဘူးလား ငါဘဲမမေးလိုက်မိလို့လား...

သားသားကတော့ ခုထိအိပ်နေတာ မထသေးဘူး

ကားဟွန်းတီးသံကြောင့် ဝန်းတံခါးဖွင့်ပေးလိုက်တော့
အိမ်ထဲ ဝင်လာတဲ့ Nie နဲ့ ကိုကို မာမီ

"သားကတော့ မင်းကို ပြောသင့်သလောက်ပြောပြီးပြီထင်တယ်"

"ဘာကိုလဲ" ကျွန်တော်ရဲ့ မေးခွန်းကိုမဖြေဘဲ Nieက လက်ထဲကို စာချုပ်ထည့်ပေးလိုက်ပြီး

"ကွာရှင်းဖို့အကြောင်းလေး..ဒီမှာကွာရှင်းစာချုပ်
Johnက မင်းကိုပေးနိုင်မယ်မထင်လို့ တို့လာပေးတာ"

"ကျွန်တော်ဘက်က ဘာကြောင့်ကွာရှင်းပေးရမှာလဲ"

"မင်းတကယ်မသိဘူးလား.. မသိချင်ယောင်ဘဲဆောင်နေတာလား"

"မသိချင်ယောင်ဆောင်တာထက် လျော်ကြေးတွေ ဘာတွေမရမှာဆိုးလို့ စကားပလ္လင်ခံနေတာနေမှာပေါ့ မာမီရယ်"

"အဲ့တာတော့ စိတ်မပူနဲ့ Ten မင်းနဲ့ မင်းရဲ့သားကို လုံလောက်တဲ့ ထောက်ပံ့ကြေးပေးနေမှာမို့"

"ကျွန်တော်ဘက်က ဘာမှထောက်ပံ့ကြေးလည်း မလိုသလို စာချုပ်မှာလဲ လက်မှတ်မထိုးပေးနိုင်ဘူး"

"မင်းမထိုးပေးရင် Johnnyကို လှေနှံနှစ်ဖက် နင်းတဲ့လူလို့ထင်ကုန်မှာပေါ့ မင်းထိုးထိုး မထိုးထိုး ငါတို့က လက်ထပ်ပွဲကို ကျင်းပရမှာဘဲလေ"

"ချစ်ရင် သေချာလေးစဉ်းစားပေါ့" သူတို့လည်း သူတို့ပြောချင်တာပြောပြီး ထွက်သွားကြလေတယ်

"ပါးပါး.."

"သားသား နိုးပြီလား"

"ကွာရှင်းတယ်ဆိုတာ ဘာလဲ..ဖွားဖွားနဲ့ အဲ့အန်တီက လာပြီး ပါးပါးကို ဘာပြောသွားတာလဲ"

One And All -RateM (Zaw+Uni)Where stories live. Discover now