Part 9 -Uni

493 21 0
                                    

John's POV

သားသားကိုခေါ်ပြီး အိမ်ကို ပြန်လာတော့ ကလေးက
ခုထိပြန်မရောက်သား

"ဒယ်ဒီသားလေး ဗိုက်ဆာပြီလား"

"မစားပါဘူး ဒယ်ဒီကလည်း ပါးပါးကလည်း ကြာလိုက်တာ"

"ဟုတ်ပါ့နော်" သားသားကို သံယောင်လိုက်ပေးရင်း

"ဒယ်ဒီကို မေးစရာရှိတယ်"

"ဘာများတုန်း "

"ဒယ်ဒီ ဟိုနေ့က အစားတူတူစားတဲ့ အန်တီကို သဘောကျနေတာလား"

"ပေါက်ပေါက်ရှာရှာ ပူတူးတူးရယ် ဒယ်ဒီက ဘာလို့ သဘောကျရမှာလဲ"

"မသိဘူးလေ...ဖွားဖွားနဲ့ပြောနေလို့"

"အဲ့တာက ဘာမှမဟုတ်ဘူးသားသား..."

ကားသံကြားတော့

"ပါးပါးပြန်လာပြီထင်တယ် ဒယ်ဒီ"

သားသားက ထွက်သွားပြီး သူပါးပါးကို သွားကြိုလေတယ်

"ပါးပါး ပျော်ခဲ့လား"

"ပျော်ခဲ့တယ်..သားသားရေ ဖွားဖွားအိမ်သွားတာ ပျော်ခဲ့လား..."

"ပျော်ခဲ့တယ် ဒါမဲ့..." သားသားပြောမဲ့စကားကို ကျွန်တော် ကြိုသိနေတော့ စကားဖြတ်ပြောလိုက်ပြီး

"သားသားရေ..ပါးပါးက ခုမှပြန်လာတာလေ
ခနပေးနားလိုက်အုံး"

"သားသားပြောလို့မပြီးသေးဘူးလေ..."

"ခနမှဆက်ပြောတော့နော်..သွား..ကာတွန်းကားကြည့်မလား ဒယ်ဒီနဲ့တူတူကြည့်မယ်"

-------------------

သူပြောမဲ့ဟာကို ပေးမပြောလို့ သားသားက စိတ်ကောက်နေလေရဲ့

ပေးပြောလို့မဖြစ်ဘူး ကလေးသိသွားရင် သူစိတ်ထိခိုက်သွားမယ်

"ကလေးရေ ဆရာဝန်ဘာပြောလဲ "

"ဆေးဘဲဆက်သောက်ရုံဘဲ..တခြားတော့ ထွေထွေထူးထူးမရှိဘူးပြောတယ်"

"ကိုကိုက စိတ်ပူနေတာ"

"ကိုကိုက ကလေးဘေးမှာ ရှိနေပေးသ၍..ကလေး လုံခြုံပါတယ်..ကိုကိုရေ..."

စကားကို အူယားအောင်ပြောနေတဲ့ ကလေးရဲ့ နှုတ်ခမ်းကို နမ်းလိုက်တုန်း ဘယ်ကနေ ဘယ်လိုရောက်လာမှန်း
မသိတဲ့ သားသား

One And All -RateM (Zaw+Uni)Where stories live. Discover now