Part 6 -Uni

614 21 1
                                    

Ten's POV

ကျွန်တော်နိုးလာတော့ ကိုကိုက မရှိ သားသားလည်းမရှိ
ကျွန်တော်လည်း မျက်နှာသစ်ပြီး အောက်ထပ်ကိုဆင်းလာတော့

"ကြည့်စမ်း Jun Kulလေးရေ မင်းပါးပါး ခုမှထတယ်"

ကိုကိုစလိုက်တော့ သားသားလေးကတော့ ရီနေတယ် သားသားလေးက ခုဆို 2နှစ်ကျော်နေပါပြီ

"ကိုကိုနော် 8နာရီတောင် မထိုးသေးတဲ့ဟာကို"

"ပါးပါးရဲ့ ပူတူးတူးလေး ပါးပါးဆီလာ အစောကြီး ဘယ်တွေသွားနေတာလဲ"

"သိတဲ့အတိုင်းပေါ့ ကလေးရေ ငယ်ငယ်က ညဆို မအိပ်ရင် အပြင်ခေါ်ထွက်ပေးတဲ့ဟာတွေ မနက်ဆို မိုးမလင်းဘဲ ထခေါ်ပြီး လမ်းလျောက်ပေးရတဲ့ဟာတွေက အခု အကျင့်ဖြစ်နေပြီလေ"

"ပါးပါး သားလေးက ဒယ်ဒီနဲ့ စောစောစီးစီး လမ်းလျောက်ထွက်တယ် ပါးပါးကိုတောင် မခေါ်ဘူး"

"ပါးပါးက အိပ်ချင်ယို့ဆိုပြီး မလိုက်ဘဲနဲ့"  စကားကို မပီတပီပြောနေတဲ့ သားလေးရဲ့ ပါးကိုနမ်းလိုက်ပြီး

"ဟုတ်လား ပါးပါးက အဲ့လိုပြောတယ်ပေါ့"

"ဟုတ်"

"ပါးပါးသားက ချစ်ဖို့တအားကောင်းတာဘဲ ထ ဒယ်ဒီ
ပြင်ပေးတဲ့ မနက်စာ သွားစားကြမယ်"

-----------------------------

"ပါးပါးဆို ဘာမှရယ်းမလုပ်ဝူး"

သားသားပြောလိုက်တဲ့ စကားတော့ ကိုကိုကော ကျွန်တော်ရော ရီလိုက်ကြပြီးကိုကိုက ဝင်ပြောတယ်

"ဟုတ်တယ်နော်..အပျင်းကြီးတယ်မလား ပါးပါးက"

သားသားက ကိုကိုမေးတာကို မဖြေဘဲ ခေါင်းညိတ်ပြီး
ကျွန်တော်ကို နှာခေါင်းရှုံပြီးကြည့်လေတယ်

တကယ်လည်းဟုတ်တယ် သားသားမွေးပြီးကတည်းက
ကိုကိုကဘဲ အားလုံးလုပ်ပေးတယ်

နို့ဘူးတိုက်တာရော အဝတ်လှဲ ရေချိုးတာက အစ ကိုကိုဘဲလုပ်ပေးတယ်

အဲ့တာကြောင့်လည်း Companyမှာဆို ကိုကိုသူငယ်ချင်းတွေက ကိုကိုအကျီမှာ နို့မှုန်နံတွေစွဲလာရင်

"မင်း မင်းသားရဲ့ နို့မှုန်တွေ ဖျော်သောက်လားတာလားလို့"
အစခံရတဲ့အထိ ကိုကိုက သားလေးကို ပြုစုခဲ့တာပါ

One And All -RateM (Zaw+Uni)Where stories live. Discover now