_ 6 _

831 64 0
                                    

🌹 6 🌹

ရုံးခန်းမှာ ကောင်လေးကို သူအော်လိုက်တဲ့နေ့ကစလို့ ကောင်လေးကသူ့ကို သိသိသာသာ ရှောင်နေတယ် ။ မတော်တဆမျက်လုံးချင်းဆုံသွားရင်လည်း ကောင်လေးကအကြည့်လွဲလို့ ။ စာသင်ချိန်တွေပြီးတာနဲ့ကောင်လေးကို စကားသွားပြောဖို့လမ်းစ ရှာပေမဲ့ကောင်လေးက ယွီပင်းဆိုတဲ့တစ်ယောက်နဲ့ ကျောင်းအတူတူပြန်နေတာ ။ အနားမှာရှိနေတဲ့ ကျန်းချန်ကလည်း ပြသနာဖြစ်တဲ့နေ့ကစပြီး သူ့ကို အလွတ်မပေးတော့ဘဲ့ မျက်လုံးဒေါက်ထောင့်လိုက်ကြည့်နေတာ ။

ဒီလိုပုံစံအတိုင်းဖြစ်နေတာ အခုဆို 1 ပတ်တောင်ကျော်နေပြီ ။ သူဒီထက်ပိုပြီး ကောင်လေးနဲ့ဒီလိုအခြေအနေမျိုးကြီးကိုနေနိုင်တော့ဘူး ။ သူအရမ်းမွန်းကြပ်နေပြီ ။ ဒီနေ့တော့ကောင်လေးကို မရရအောင်စကားသွားပြောရမယ် !

Practicle အချိန် လက်တွေ့စမ်းသပ်ဖို့အတွက် အားလုံးဓာတ်ခွဲခန်းကို သွားရမယ့် အချိန်!

" အ့......ဟင်! "

ကျောင်းသားတွေရဲ့အနောက်မှာဖြေးဖြေးမှန်မှန်လည်း သွားနေတဲ့ ကောင်လေးရဲ့လက်ကိုဆွဲပြီး ခေါ်ထုတ်လာမိတယ် ။ ကံကောင်းတာက ကောင်လေးရဲ့အနားမှာ ယွီပင်းဆိုတဲ့ တစ်ယောက်ရှိမနေတာဘဲ့ ။

သူရဲ့ခြေလှမ်းတွေကကျောင်းရဲ့ခေါင်မိုးထပ်ဆီ ။ စာသင်ချိန်တွေဖြစ်လို့အခုဆို ကျောင်းရဲ့ခေါင်မိုးထပ်မှာ လူတွေရှင်းနေမှာ ။ သူဆွဲလာတဲ့လက်ကိုကောင်လေးက အစကရုန်းနေပေမဲ့ နောက်တော့မရုန်းတော့ဘဲ့ သူ့နောက်ကိုပါလာတယ် ။

" ခင်ဗျားကျွန်တော့်လက်ကိုလွတ်တော့.... ! "

ခေါင်မိုးထပ်ကိုရောက်တာနဲ့ သူကောင်လေးရဲ့လက်ကိုလွတ်ပေးလိုက်တယ် ။ သူလွတ်ပေးလိုက်တာနဲ့ ကောင်လေးက သူ့လက်ကောက်ဝတ်လေးကိုသူပြန်ကြည့်လို့ မျက်နှာလေးကရှုံမဲ့နေတာဘဲ့ ။

ဟုတ်ပါ့....ကောင်လေးရဲ့လက်ဖြူဖြူလေးက သူတင်းကျပ်စွာ ဆွဲလာတဲ့အရှိန်ကြောင့်နီရဲနေတာဘဲ့ ။ ကောင်လေးကရုန်းနေလို့လာ အတင်းအကျပ်လက်ကောက်ဝတ်ကိုဆွဲလာမိတာ ကောင်လေးနာနေမှာကို ထည့်မတွေးလိုက်မိဘူး... !

💜 Nan Hai 💜 ( Season-1 ) (Completed)Место, где живут истории. Откройте их для себя