_ 13 _ ( Unicode)

895 101 3
                                    

🌹 13 🌹
...............

ခမ်းနားကြီးကျယ်လှတဲ့ အပြင်အဆင်တွေနဲ့အတူ ကျယ်ဝန်းလှတဲ့ခြံကြီးအတွင်း အထက်တန်းအလွာတွေသာပြည့်နှက်နေတဲ့ရှောင်းအိမ်တော်က ညမီးရောင်တွေအောက်မှာနန်းတော်အလား တဖိတ်ဖိတ်တောက်ပလျှက် ။

ရှောင်းအိမ်တော်ရဲ့ဝင်ပေါက်မှာ စောင့်ကြပ်စစ်ဆေးနေကြတဲ့ဘော်ဒီဂတ်အမြောက်အမြားနဲ့ မွေးနေ့ပွဲကိုတက်ရောက်လာကြတဲ့လူတွေရဲ့လက််ထဲ့မှာလည်းကိုယ်စီကိုင်ဆောင်ထားကြတဲ့ အနီရောင်ဖိတ်စာလေးတွေ ။

သူနဲ့ယွီပင်းလည်းဝင်ပေါက်မှာစစ်ဆေးနေကြတဲ့ဘော်ဒီဂတ်တွေကို ဖိတ်စာထုတ်ပြလို့ ရှောင်းအိမ်တော်ရဲ့ခြံကြီးထဲ့ကိုဝင်လာခဲ့လိုက်တယ် ။ အပေါက်ဝမှစလို့ မွေးနေ့ပွဲကျင်းပရာနေရာကိုသွားရာလမ်းတစ်လျှောက်လုံး ကတ္တီပါကော်ဇောအနီတွေခင်းထားပြီး နံဘေးတစ်ဖက်တစ်ချက်စီမှာလည်း မီးတိုင်အသေးလေးတွေပုံစံမျိူ း စိုက်ထူထားသေးတယ် ။

ရှောင်းကျန်တို့ရဲ့အိမ်က သူ့အိမ်နဲ့ ခြောက်အိမ်ကျော်လောက်သာဝေးတာကြောင့် ယွီပင်းကရှောင်းကျန်တို့အိမ်ကိုတန်းမသွားဘဲ့ သူ့ကိုလာခေါ်ပြီးမှ နှစ်ယောက်အတူတူသွားကြခြင်း ။

ခြံဝန်းထဲ့ရောက်တာနဲ့ ယွီပင်းနဲ့သူ အမှောင်ရိပ်ကြပြီးလူရှင်းနေတဲ့ သစ်ပင်အောက်ကစားပွဲဝိုင်းလေးကိုဘဲ့ရွေးထိုင်လိုက်တယ် ။ စားပွဲပေါ်မှာတော့ စားသောက်ဖွယ်ရာတွေအပြည့်နဲ့ ဝိုင်ပုလင်းတစ်ချိူ့ ။

" ဝေါင်း...အစားအသောက်တွေကရှယ်ဘဲ့ !"

ဝင်ထိုင်ကတည်းကနေ စားပွဲပေါ်မှာရှိနေတဲ့အစားအသောက်တွေကို ဟိုဟာနိုက်မြည်း ဒီဟာနိုက်မြည်းလုပ်နေတဲ့ယွီပင်းကိုဘေးမဲ့ထားလိုက်ပြီး သူလိုက်ရှာမိတာကတစ်စုံတစ်ယောက်ကို ။

တွေ့ပါပြီ....!

သူတို့ထိုင်နေတဲ့နေရာနဲ့ခပ်လှမ်းလှမ်းမှာရှိတဲ့ ဝိုင်းတစ်ခုမှာအနီနဲ့အမဲပေါင်းစပ်ထားတဲ့ Fashion လေးနဲ့ လက်တစ်ဖက်ကဝိုင်အနီတစ်ခွက်ကိုကိုင်လို့ တည်ငြိမ်စွာ စကားတွေပြောနေတဲ့ရှောင်းကျန် ။ ရှောင်းကျန်တို့ထိုင်နေတဲ့ဝိုင်းမှာ ကျန်းချန်ရယ် ၊ နောက်ထပ်ရှောင်းကျန်နဲ့ကျန်းချန်ရဲ့ မိဘတွေဖြစ်ပုံရတဲ့မိန်းမနှစ်ယောက်နဲ့ ယောကျာၤးနှစ်ယောက်ရယ် ။

💜 Nan Hai 💜 ( Season-1 ) (Completed)حيث تعيش القصص. اكتشف الآن