_ 16 _ ( Unicode)

954 93 3
                                    

🌹 16 🌹

မျက်နှာပေါ်ကိုလာရိုက်ခတ်နေတဲ့နေရောင်ခြည်စူးစူးကြောင့် အိပ်မက်ထဲ့ကနေနိုးထလာရတယ် ။ နံဘေးကစာကြည့်စားပွဲပေါ်မှာတင်ထားတဲ့နာရီကိုကြည့်လိုက်တော့ အချိန်က 11နာရီ ။

ဟင်!!!

ဒီအချိန်ရောက်မှသူနိုးလာတာလား.... !

ဒီနေ့ကျောင်းတက်ဖို့လုပ်ထားပါတယ်ဆိုမှ အခုတော့နေ့လည်11နာရီတောင်ရောက်နေပြီ ။ ဘယ်လိုလုပ်ကျောင်းတက်ဖို့မှီတော့မှာလဲ ။

ငိုထားလို့အနည်းငယ်မူးနှောက်နေတဲ့ခေါင်းကိုတစ်ချက်နှစ်ချက်နှိီပ်လိုက်ပြီး ရေချိူ းခန်းထဲ့ဝင်ရေမိုးချိူ းကိုယ်လက်သန့်စင်လိုက်တယ် ။ အားလုံးပြင်ဆင်ပြီးသွားတော့မနေ့ညကတည်းကနေအခုထိဘာမှမစားရသေးတဲ့ဗိုက်ကတဂွီဂွီနဲ့ဆန္ဒပြနေပြီ ။

ဆာနေတဲ့ဗိုက်ကိုဖြည့်ဖို့အတွက်အောက်ထပ်ကိုဆင်းလာရင်းလှေကားတစ်ဝက်လောက်ရောက်တော့မားရဲ့စကားပြောသံတွေ ကြားရတယ်် ။ တစ်ယောက်ယောက်နဲ့စကားပြောနေတဲ့အသံတွေ ။

အိ်မ်ကိုဧည့်သည်တွေများရောက်နေတာလား...!

လှေကားဆစ်တွေကိုဖွဖွဆင်းရင်း စကားသံတွေကြားနေရတဲ့ဧည့်ခန်းထဲ့ဝင်လာလိုက်တယ် ။ ဝင်ဝင်ချင်းတွေ့လိုက်ရတာက မားနဲ့ရယ်မောစွာစကားပြောနေတဲ့ မထင်မှတ်ထားခဲ့ရတဲ့သူ ။

" ကော!!! "

သူ့ခေါ်သံကြားတော့ ကောကမားနဲ့စကားပြောနေရာကနေသူ့ဘက်ကိုလှည့်ကြည့်လာတယ် ။

" ဟာ...ဝမ်လေး နိုးလာပြီလား! လာ...ကောအနားမှာလာထိုင်ပါအုန်း ။ မတွေ့ရတဲ့အတောအတွင်းကောရဲ့ဝမ်လေးဘယ်လောက်တောင်ပြောင်းလဲသွားလဲဆိုတာကြည့်ချင်လို့ "

ကောပြောတဲ့အတိုင်းကောထိုင်နေတဲ့အနားမှာဘဲ့ဝင်ထိုင်လိုက်ရင်း ကောကိုသေချာကြည့်မိတယ် ။ မတွေ့ရတဲ့အတောအတွင်းမှာကောကအရင်ကထက်ပိုပြီးအသားဖြူ လာသလိုပိုပြီးလည်းချောလာတယ် ။

ကောဆိုတာပါးရဲ့အချစ်ဆုံးသူငယ်ချင်းရဲ့သား Yixing  ။ ပါးရဲ့သူငယ်ချင်း ကားအက်စီးဒန့်ကြောင့်ဆုံးသွားခဲ့တဲ့အချိန်ကဆိုရင် ကောက12နှစ်အရွယ်လောက်ဘဲ့ရှိသေးတာ ။ အဖေနဲ့အမေရော အက်စီးဒန့်ကြောင့်တစ်ပြိုင်နက်တည်းဆုံးရှုံးသွားရတဲ့ကောကို ပါးကအိမ်ကိုခေါ်လာခဲ့ပြီးသားတစ်ယောက်လိုဘဲ့စောင့်ရှောက်ပေးခဲ့ရင်း ကောရဲ့အဖေပိုင်ဆိုင်တဲ့လုပ်ငန်းတွေကိုလည်းမပြိုလဲသွားရအောင်ပါးကကူညီထိန်းသိမ်းပေးခဲ့တယ် ။

💜 Nan Hai 💜 ( Season-1 ) (Completed)Donde viven las historias. Descúbrelo ahora