🌹 18 🌹
................နေ့လယ်ထမင်းစားချိန်မတိုင်ခင်အိမ်စာစာအုပ်တွေအပြီး ထပ်ရမည်ဆိုသောတီချယ်စကားကြောင့် မပြီးသေးတဲ့စာတွေကိုသူရောယွီပင်းရောအပြိုင်လုပ်နေရတယ် ။ နေ့လည်စာစားချိန်မို့လို့အခန်းထဲ့မှာတော့သူနဲ့ယွီပင်းနှစ်ယောက်တည်းသာကျန်ပြီ ။
" ဝေါင်း....ပြီးသွားပြီ! အခုမှဘဲ့အသက်ရှုချောင်တော့တယ် "
အပျင်းကြောဆန့်ရင်းလက်နှစ်ဖက်ကိုဆန့်လို့ပြောလာတဲ့ယွီပင်းကြောင့်နောက်ဆုံးကျန်နေတဲ့ပုစၧာတစ်ပုဒ်ကိုအပြီးအသတ်တွက်လိုက်ရင်း
" ငါလဲပြီးပြီ....စာအုပ်တွေသွားထပ်ဖို့ဘဲ့ကျန်တော့တယ် "
" ရိပေါ် ! ငါToliteခနသွားလိုက်အုန်းမယ်! ဒီမှာငါ့စာအုပ်် ။ အော်....ပြီးတော့ငါ့လွယ်အိတ်ထဲ့မှာLeatureစာအုပ်လည်းရှိသေးတယ်! မင်းရှာပြီးတစ်ခါတည်းထပ်ပေးလိုက်နော် "
သူ့ဘက်ကိုအော်ပြောရင်းပြေးထွက်သွားတဲ့ယွီပင်းကြောင့်ခေါင်းခါလိုက်မိတယ် ။
တကယ့်မနိုင်စိန်....!
တွေးနေရင်းမှအရှေ့ဆုံးအတန်းဘက်ဆီမသိမသာအကြည့်ရောက်မိပြန်တယ် ။
ဟင်း....ဒီနေ့ဘာလို့ကျောင်းမလာတာပါလိမ့်!
ဒီနေ့မ့ှစာအုပ်တွေမထပ်ဘူးဆိုရင်အမှတ်တွေလျော့ကုန်မှာပေါ့....။
အကြည့်တွေကိုလွဲလိုက်လို့ ခုံမှာတင်ထားတဲ့ယွီပင်းလွယ်အိတ်ထဲ့Leatureစာအုပ်ကိုရှာမိတယ် ။ လွယ်အိတ်ရဲ့အောက်ဆုံးမှာရှိနေတဲ့စာအုပ်ကိုဆွဲထုတ်လိုက်ရင်း လွယ်အိတ်ကိုစားပွဲခုံပေါ်ပြန်ပစ်တက်လိုက်တော့ လွယ်အိတ်ထဲ့ကနေထွက်ကျလာတဲ့အရာလေးတစ်ခု ။
ပြုတ်ကျသွားတဲ့ကြမ်းပြင်ပေါ်ကိုအရာလေးကိုကောက်ယူလိုက်တော့ဓာတ်ပုံလေးတစ်ပုံ ။
ဟင်....!
ဓာတ်ပုံထဲ့မှာတစ်ယောက်ကိုတစ်ယောက်ပြုံးရယ်ရင်းရိုက်ထားကြတဲ့လူနှစ်ယောက် ။
ဓာတ်ပုံကိုကိုင်ထားတဲ့သူ့လက်တွေ တစ်စတစ်စတုန်ယင်လာတဲ့အထိ!