_ 2 _ (Unicode)

1.5K 135 3
                                    

🌹 2 🌹
.............

ကျောင်းယူနီဖောင်းအပေါ်ကုတ်ကိုဝတ်လိုက်ရင်း ရှောင်းကျန်နောက်ဆုံးအကြိမ်မှန်ထဲ့မှာကိုယ့်ကိုကိုယ်ပြန်ကြည့်လိုက်တယ် ။

ရပြီပေါ့ ဒီလောက်ဆို....သူ့ရဲ့အသွင်အပြင်အမှန်ကိုဖုန်းကွယ်ပြီး ခေါက်ရိုးကျိူ း ပုံသေ သတ်မှတ်ထားတဲ့ဘဝကြီးထဲ့မှာဟန်ဆောင်ရှင်သန်ဖို့ !

တိတ်ဆိတ်ခြောက်ကပ်ပြီးပျင်းရိစရာကောင်းတဲ့အိမ်ကြီးထဲ့မှာ သူတစ်ယောက်တည်း သိတတ်စအရွယ်ကတည်းကနေနဘော်ဒီကတ််တွေအပြည့် ၊ စည်းစိမ်တွေအပြည့်နဲ့ နေနေရတဲ့ သူ့ရဲ့ဘဝကို တစ်ချိူ့လူတွေက အားကျတဲ့အကြည့် တွေ နဲ့ကြည့်ကြတယ် ။ အပြင်ပန်းကသာအဆင်ပြေနေတယ်လိုြ့ထင်ရပေမဲ့ တစ်ကယ်တမ်း အထီးကျန်ဆန်ပြီးအဖော်မဲ့နာကျင်နေရတာသူတို့တွေမှမသိဘဲ့ ။

သူ့ရဲ့အပြုံးကို မြင်နိုင်တဲ့သူကဒီကမ်ဘာ ပေါ်မှာဘယ်နှစ်ယောက်ရှိလဲပြောပြပါဆိုရင် သေချာတယ်! လူ ငါးယောက်တောင်ကျော်မှာမဟုတ်ဘူး ။ ကျန်းချန်ရယ်၊ ငယ်ငယ်လေးကတည်းကနေသူ့ကိုထိန်းကျောင်းလာပေးတဲ့အိမ်တော်ထိန်းကြီး ရွဲ့ ရယ် ၊ မနေ့တစ်နေ့ကမှ တွေ့ခဲ့တဲ့ဟိုကောင်လေးရယ်ကချွင်းချက်ပေါ့ ။

ူအိမ်အောက်ထပ်ကိုဆင်းလာတော့ အိမ်တော်ထိန်းကြီးက သူကြိုက်တဲ့ မနက်စာလေးတွေကိုပြင်ဆင်ပေးရင် ထုံးစံအတိုင်း အပြုံးလေးနဲ့ဆီးကြိုတယ် ။

ရှည်လျားပြီးကြီးမားလွန်းတဲ့ထမင်းဝိုင်းမှာ ဝင်ထိုင်ရင်း အမြဲတမ်းတစ်ယောက်တည်းစားခဲ့ရတဲ့ အချိန်တွေကိုတွေးလို့အမှတ်မရှိ စိတ်ထဲ့ကဝမ်းနည်းမိသေး။ အလုပ်တွေလောက်မှသူ့အပေါ်မချစ်ခင်တဲ့ ပါးပါးနဲ့မားမား ကသူငယ်ငယ်လေးကတည်းကနေ သူ့အနားမှာအချိန်ပေးနိုင်ခဲ့ကြတာမှမဟုတ်ဘဲ့ ။

" သခင်လေး...တော်ပြီလား ။ ဒီနေ့သိပ်မစားသလိုဘဲ့ ဒေါ်ကြီးချက်ထားတာစားမကောင်းလို့လား"

တို့ကနန်းဆိတ်ကနန်းသာစားပြီး ထထွက်သွားဖို့ပြင်နေတဲ့သူ့ကို အိမ်တော်ထိန်း ရွဲ ့ က အားမရသလိုလေးမေးတယ် ။

"တော်ပြီ ဒေါ်ကြီး...ကျွန်တော်မစားချင်တော့လို့ "

ကျောခိုင်းထွက်သွားတဲ့ ရှောင်းအိမ်တော်ကသခင်လေးကို ကြည့်လို့ အိမ်တော်ထိန်းကြီးရွဲ့ က သက်ပြင်းလေးအသာချတယ် ။

💜 Nan Hai 💜 ( Season-1 ) (Completed)Donde viven las historias. Descúbrelo ahora