🌹 1 🌹
.................🎧❤ 너 를 볼수록 기분이 좋아셔
나 올래 나 래를 불러 🎧❤💌 မင်းကိုကြည့်မိလိုက်ရင်စိတ်ထဲ့မှာပျော်ရွင်လာပြီး
မသိလိုက်မိဘဲ့ သီချင်းတစ်ပုဒ်ကို ဆိုနေမိတာပေါ့ 💌🎧❤ 이 런 설레 임을 너도 느끈다연
부디조금 안 기다려 줘 🎧❤💌 ဒီလိုစိတ်လှုပ်ရှားနေတာကိုမင်းလေးကောခံစားမိရင်
ကျေးဇူးပြုပြီးခဏလောက်တော့စောင့်ပေးပါ 💌----------------------------------------------------
အခုလိုမျိူ းလေလေးတွေတဖြူ းဖြူ းတိုက်ပြီးအေးချမ်းနေတဲ့ ညနေခင်းလေးကိုသူသဘောကျတယ် ။ အရမ်းအပူရှိန်မပြင်းတဲ့နေရောင်အောက်မှာ ပတ်ဝန်းကျင်ရဲ့အလှသဘာဝလေးတွေခံစားရင်း နားကျပ်လေးတပ် သီးချင်းလေးထဲ့စီးမျောပြီးစက်ဘီးစီးရတဲ့အရသာက ဘာနဲ့မှမလဲနိုင်ဘူး ။ သူတို့နေတဲ့ရပ်ကွက်ကအထက်တန်းအလွာတွေသာနေတဲ့ရပ်ကွက်ဖြစ်တာကြောင့်ပတ်ဝန်းကျင်ကလည်းအေးချမ်းဆိတ်ငြိမ်တယ် ။ တစ်အိမ်နဲ့တစ်အိမ်စကားအခေါ်အပြောတွေလည်းသိပ်မရှိဘူး ။ ကိုယ့်အထာနဲ့ကိုယ်နေ သူ့အထာနဲ့သူနေ ပုံစံမျိူ း ။
ညနေပိုင်းဆိုရင်သူတို့ရဲ့ရပ်ကွက်ထဲ့ကလမ်းကလေးကတိတ်ဆိတ်ပြီး လူသွားလူလာသိပ်မရှိဘူး ။ ကျန်းမာရေးအတွက်လမ်းလျောက်နေကြတဲ့လူတစ်ချိူ့ရယ် ၊ အားကစား ကိုယ်လက်လှုပ်ရှားမှု ပြုနေကြတဲ့လူတစ်ချိူ့ရယ် ၊ သူ့လိုဘဲ့အပျော်စက်ဘီးပတ်စီးနေကြတဲ့လူတစ်ချိူ့ရယ်လောက်ဘဲ့ရှိတယ် ။ တစ်လမ်းစီမှာအနည်းဆုံးအိမ်ခြေ10လုံးလောက်ရှိပြီး လမ်းတိုင်းရဲ့ထိပ်မှာခြံတံခါးအကြီးကြီးတစ်ခုရှိတယ် ။ ကိုယ်နေထိုင်နေတဲ့လမ်းမဟုတ်ရင်တစ်ခြားသူတွေရဲ့လမ်းကိုသွားလို့မရတဲ့ပုံစံမျိူ း ။ အထက်တန်းအလွာတွေသာနေထိုင်တဲ့ရပ်ကွက်မို့လို့လည်း တော်ရုံလူတွေ ၊ မသမာတဲ့လူတွေဝင်လို့မရအောင်သေချာစီစဉ်ပြုလုပ်ထားတာ။
စီးနေတဲ့စက်ဘီးကယိုင်တိုင်တိုင် ။ အမှန်တိုင်းပြောရရင်သူစက်ဘီးစီးတတ်တာမကြာသေးဘူး ။ ဟိုတစ်နေ့ကမှကျန်းချန်ကိုအတင်းအကျပ်ပြောပြီးစက်ဘီးစီးသင်ခိုင်းထားရတာ ။ ကြည့်လိုက်ရင်လွယ်မလိုနဲ့ခက်တဲ့အထဲ့မှာ စက်ဘီးကထိပ်ဆုံးက ။ ယိုင်တိုင်တိုင်ဖြစ်နေတဲ့စက်ဘီးကိုခနရပ်လိုက်တယ် ။
