🌹 5 🌹
" ဖြစ်သွားတဲ့ကိစ္စနဲ့ပတ်သက်ပြီး ကျွန်မလုံးဝမကျေနပ်နိုင်ဘူး "
' ရှန်ဟိုင်း အထက်တန်းကျောင်း ' ရဲ့ကျောင်းအုပ်ကြီးရုံးခန်းအတွင်း ရှင်းဖန်ရဲ့အမေ ဆိုသူနဲ့ တစ်ခြားနှစ်နာသူနှစ်ယောက်ရဲ့ အမေပါ ရောက်ရှိနေကြတယ် ။
ကျောင်းရဲ့ CEO ဖြစ်တဲ့ ရှောင်းဖူလျန် က တော်ရုံပြသနာလေးတွေဆိုရင် ကျောင်းအုပ်ကြီးနဲ့ သာလွဲထားပြီးဝင်မပါတတ်ပေမဲ့လည်း အခုဖြစ်တဲ့ကိစ္စမှာတော့ ကိုယ့်ရဲ့တူအရင်းခေါက်ခေါက်တစ်ယောက်လုံးက ပြသနာရဲ့အဓိကလူ ဖြစ်နေတော့ သူကိုယ်တိုင်ဘဲ့ နစ်နာသူတွေနဲ့ လာညှိနှိုင်းပေးနေရတယ် ။
" ဒီက အမ စိတ်အေးအေးထားပေးပါ...ဖြစ်သွားတဲ့ကိစ္စမှာ ရှောင်းကျန်ဘက်က လွန်သွားတယ်ဆိုတာကိုလည်း ကျွန်တော်တို့သိပါတယ် ။ ဒါကြောင့်လည်း ရှင်းဖန်နဲ့ ကျန်တဲ့သူနစ်နှာသူနှစ်ယောက်လုံးရဲ့ ဆေးဖိုးဝါးခကို လည်း ကျွန်တော််တို့ဘက်က အားလုံးတာဝန်ယူပေးထားတာပါ "
" ဆေးဖိုးဝါးခ ကိုကျွန်မတို့ မမက်ဘူး ! လိုလည်းမလိုချင်ဘူး ။ ကျွန်မဒီကျောင်းကိုရောက်လာတာက ဒီမဖြစ်စလောက်ဆေးဖိုးလေးကိုမက်လို့ရောက်လာတယ်လို့ရှင်တို့တွေထင်နေတာလား ! !! ကျွန်မလိုချင်တာက ....."
ရှင်းဖန်ရဲ့ အမေဖြစ်သူက မျက်နှာချင်းဆိုင်စာပွဲဝိုင်း မှာ အေးစက်တဲ့မျက်နာထားနဲ့ထိုင်နေတဲ့ ရှောင်းကျန်ကို ကြည့်လို့
" အဲဒီကောင်လေးက ကျွန်မရဲ့သားကိုပြန်ပြီးတော့တောင်းပန်ရမယ် ။ ကျွန်မရဲ့သားလေးကနှစ်နာသူပါ ။ကျွန်မတို့တောင် မရိုက်ဖူးတဲ့သားလေးကို ဒီကောင်လေးက ရစရာမရှိအောင်ရိုက်နှက်ထားတာ ။ ဒါတောင်မှဘဲ့ အခုထိ ကျွန်မတို့ကို တောင်းပန်တဲ့စကား တစ်ခွန်းပြောတာမဟုတ်ဘူး !!!ဒါကိုကျွန်မကကျေနပ်နိုင်လိမ့်မယ်လို့ထင်နေတာလား "
ရှင်းဖန်အမေရဲ့ စကားအဆုံးမှာ ရှောင်းကျန်က ထိုင်နေရာကနေထရပ်လို့ ဘောင်းဘီအိတ်ကပ်ထဲ့ လက်နှစ်ဖက်ကိုထည့်ပြီး မဲ့ပြုံးတစ်ချက်ပြုံးတယ် ။
ရှောင်းဖူလျန် သက်ပြင်းအသာချမိတယ် ! ရှင်းဖန်ရဲ့အမေကမဖြစ်နိုင်တာကိုတောင်းဆိုလိုက်တာဘဲ့ ။
![](https://img.wattpad.com/cover/240957140-288-k656871.jpg)