Zawgyi
Byunအိမ်တော်ရဲ့အခန်းတစ်ခန်း ထောင့်လေးတစ်နေရာမှာ ငိုနေတဲ့ကောင်လေးတစ်ယောက်...ဘေးနားမှာလွယ်အိတ်လေးချကာ ကျုံ့ကျုံ့လေးထိုင်နေတဲ့ခလေးငယ်.ရင်ဘတ်တစ်နေရာရဲ့နာကျင်မှုကို ကျဆင်းလာတဲ့မျက်ရည်တွေကသက်သေတည်၏။
*ဘာလို့...ဟင့် ဘာလို့ ပြောင်းလဲသွားရတာလဲ
ခင်ဗျားရယ် ဟင့် ဘာလို့များလဲ?*အောက်ပိုင်းရဲ့နာကျင်မှုကို အံ့တုနိုင်ခဲ့ပေမယ့် ရင်နာတဲ့ဒဏ်ကိုမခံစားနိုင်တော့တာမို့ တင်းခံနေခဲ့ရင်း မျက်ရည်တစ်ပေါက် သူ့ရှေ့မှာကျဆင်းခဲ့မိသည်။ သူ့ဆီကငြင်သာမှု..ကြင်နာယုယမှုတွေအစား...ရခဲ့တာက ဒဏ်ရာတွေနဲ့ လျစ်လျူရှုမှုတွေ...အစတည်းကမကြင်နာနိုင်ရင် ..ဘာလို့ များကစားခဲ့သေးရတာလဲဗျာ....လက်ထပ်မယ်ဆိုတာက ဒီတိုင်း ကိုယ့်ရဲ့First timeကိုလိုချင်လို့များလား ခင်ဗျားရယ် ....
*ကျွန်တော်နေနိုင်အောင်ကြိုးစားမယ် ဟင့်
မေ့..ဟင့် မေ့နိုင်အောင်ကြိုးစားမယ် ဟင့်
မုန်းနိုင်ဖို့ကတော့ ဟင့် ဟင်အင်း
ဟင့် မမုန်းဘူး ချစ်တာ...ကျွန်တော်က
ခင်ဗျားကို အရမ်းချစ်မိသွားခဲ့တာ ဟင့် *»»»»»»»»»»»»»»»»»»»»»»»»»»»»»»»»»»»»»»»»»»»
*ခင်ဗျားအကြွေးတွေ ဘယ်တော့ဆပ်မလဲ?
Byun Won Hongshi...*စားပွဲပေါ်ခြေထောက်တင်ရင်းမှ ဝိုင်ခွက်ကို လှုပ်ရင်းမေးနေမိသည်။နှစ်လကျော်ကျော်လောက်ကစားခဲ့တဲ့လောင်းကစားအကြွေးတွေကတောင်ပုံရာပုံ......ပြောပါတယ် သားကောင်ကို သားကောင်ကြိုက်တဲ့အစာနဲ့မျှားရတာပိုလွယ်ပါတယ်လို့...ဟက်!
*အကြွေးသိမ်းတဲ့အနေနဲ့မင်းဘာလိုချင်လဲ?
ကုမ္ပဏီရှယ်ယာလား? ဒါမှမဟုတ်
Byun_Group companyရဲ့CEOရာထူးလား?**ခင်ဗျားရဲ့သား....*
*ဘာကွ!!!*
ဒေါသတကြီးမျက်နှာက ကြည့်ရကောင်းလိုက်လေခြင်း....သူများသားသမီးတုန်းကကျမသိတတ်ပဲ ကိုယ့်သားသမီးကျသိတတ်နေလိုက်တာများ...
*မင်း ငါ့ရဲ့ ကုမ္ပဏီရှယ်ယာတွေအကုန်ယူနိုင်တယ်*
မျက်နှာလွှဲကာပြောနေတဲ့သူ
ခင်ဗျားလက်ထက်ကျမှ ကိုယ်တည်ထောင်ခဲ့တဲ့ ကုမ္ပဏီကပြိုလဲလုလု....ဒီနှစ်လအတွင်း Jackဆိုတဲ့လူ့ဘီလူး အပါအဝင်ကျန်တဲ့နှစ်ယောက်ကိုပါ လက်စဖျောက်နိုင်ခဲ့သည်။ အခုတော့ ဒီလူသိချိန်တန်ပြီလား...ကစားချင်သေးပါရဲ့ ...ဒီလူယုတ်မာကို...

YOU ARE READING
G.O.R.G.E.O.U.S 💋🍂 (UNI+ZAW) [completed]
FanficZawgyi Park Chanyeol အဲ့မျက်နှာလေးကသာသူနဲ့ မတူခဲ့ရင်..... Byun Baekhyun အဖေ့အမှားအတွက် ကျွန်တော်ကဓားစာခံလား..... လက်ထပ်ပီးခါစချစ်သူနှစ်ဦး ခရီးထွက်ရင်း အပြိုင်ကုမ္ပဏီရဲ့မနာလိုမှုကြောင့်လုပ်ကြံခံရသောအခါ..... ချစ်ရသူကိုကိုယ့်ရှေ့ မှာပ...