PART-(10) 🚨🚨

605 54 16
                                    

Zawgyi

ဒီအိမ်တော်ထဲကိုနောက်ထပ်ခြေဆန့်မိပြန်ရဲ့.....အခွင့်မရှိပဲဝင်လာတာရိုင်းတယ်ဆိုပေမဲ့ လူယုတ်မာကိုရိုသေနေစရာမလိုဘူးလေ...

*ဘယ်သူနဲ့တွေ့ချင်လိုပါလဲ?*

အမေးကိုလျစ်လျူရူရင်း အိမ်ထဲအဝင် အစေခံကနောက်ကလိုက်တားပေမဲ့ ကိုယ်ရအောင်ဝင်ခဲ့သည်။ဧည့်ခန်းမှာ ခြေချိတ်ရင်းထိုင်ပြီး စာစောင်ဖတ်နေတဲ့ လူယုတ်မာ

*အကြွေးပေးရမယ့်လူကမလာတော့
အကြွေးရှင်ကလိုက်လာရတာပေါ့!!!*

ကိုယ့်စကားသံကြောင့် ချာခနဲလှည့်ကြည့်ကာ

*မင်း ငါ့အိမ်ထဲဘယ်လိုဝင်လာတာလဲ? ဟမ်!*

*ကျွန်တော်တားပါသေးတယ်သခင်ကြီး*

အနောက်ကနေပျာပျာသလဲတောင်းပန်ရှာတဲ့အစေခံ...ကိုယ်ကတော့ ဘာကိုမှဂရုမစိုက်ကာ သူ့ရှေ့ကဆိုဖာပေါ်ဝင်ထိုင်ရင်းခြေချိတ်ကာ

*ဘယ်မှာလဲ ကျုပ်ရဲ့အကြွေးလေး အာ
ရှင်းရှင်းပြောရရင် ခင်ဗျားရဲ့သားလေးပေါ့ ဟက်!*

လူယုတ်မာရဲ့မျက်နှာကိုစေ့စေ့ကြည့်ရင်းပြောနေအိတာမို့မခံချိမခံသာဖြစ်နေတဲ့ မျက်နှာက ကျေနပ်စရာပဲ...မျက်လုံးဝေ့ကာကြည့်မိတော့ အရင်ကထားနေကျ so yoonနဲ့ကိုယ့်ရဲ့မင်္ဂလာဓာတ်ပုံကိုဖြုတ်ထားကျတာပဲ...ရင်ထဲမှာတော့ နင့်ခနဲ ဒါတွေ...တွေးမိလေ လူယုတ်မာပေါ်မှာ ရက်စက်ချင်လေပဲ... အပေါ်ထပ်ကနေဆင်းလာတဲ့အဖြူရိပ်လေး...မမြင်ရတဲ့နှစ်ရက်မှာ အဲ့လောက်တောင်ပိန်သွားတယ်လားကွာ...ကိုယ့်ကိုတွေ့တော့အံ့သြတကြီးနဲ့

*Papa!!*

*Baekhyun အပေါ်ပြန်တက်နေ*

လူယုတ်မာကတော့ သားနုနုထွတ်ထွတ်လေးကို အူတိုနေတယ်ထင်ပ့ါ..

*အာ တက်ခိုင်းလို့ရမလား?*

*အင့် ဦး!*

အလျင်အမြန် လှေကားနားကကောင်လေးဆီသွားကာ ခါးကနေဖက်ရင်း ကိုယ့်ရင်ခွင်ထဲဆွဲသွင်းလိုက်သည်။

*မင်း! မင်းဒါဘာလုပ်တာလဲ?*

မတ်တပ်ထရပ်လိုက်ရင်းအော်လိုက်တဲ့သူ ခလေးငယ်ကိုတင်ကြပ်နေအောင်ဖက်ထားပြီး

G.O.R.G.E.O.U.S 💋🍂 (UNI+ZAW) [completed]Where stories live. Discover now