PART-(14) 🚨🚨

585 56 4
                                    

ZAWGYI

G.O.R.G.E.O.U.S 💋🍂[PART-14] 🚨🚨

chanyeolသူ့ဘေးနားက
အကောင်ပေါက်လေးကို
အသည်းယားလို့မဆုံးတော့.....
လုပ်ပုံကိုပဲကြည်လေ
အိမ်ကနေစထွက်တော့အကောင်း
ဟိုကြည့်ဒီကြည့် ပိန္နဲစိ လုပ်နေတာ
ပါးစပ်ကလည်း ပေါက်ပေါက်ဖောက်နေသလို
ကမ်းခြေရောက်ရင် ရေအရင်ဆော့မှာ
ဘာလုပ်မှာ ညာလုပ်မှာနဲ့
တက်ကြွနေပြီး
အခုကျ လမ်းတစ်ဝက်တောင်မရောက်သေး
အိပ်ပျော်နေတာများ ပါးစပ်ထဲပင်
ယင်ကောင်ဝင်ဥလောက်ရဲ့......
ကားလမ်းဘေးက
နီးစပ်ရာ mini-martကိုဝင်တဲ့အချိန်ထိမနိုး

baekhyunနဖူးပေါ်ခပ်အိအိလေး
ကျနေတဲ့ ဆံပင်လေးတွေကို
လေဖြင့်အသာလေးမှုတ်ကာ

*baekထတော့...*

*ဟင်....အင်းး ရောက်ပြီလားဦး*

ရီချင်တာကိုအသာအောင့်ရင်း

*မဟုတ်ပါဘူးကွာ
ကားလမ်းဘေးကmartမှာ
မင်းလိုအပ်တာရှိရင်ဆင်းဝယ်ဖို့*

အဲ့တော့မှ သွားလေးဖြဲပြရင်း

*ဟီး ဟုတ်ကဲ့*

'ချစ်စရာလေးကွာ'
chanyeolသူကိုယ့်သူတောင်မသိလိုက်
စိတ်ထဲကနေbaekhyunကိုအမှတ်တွေ
ပေးနေခြင်းကို....
တစ်စတစ်စနဲ့ ဒီကောင်လေးက
chanyeolနှလုံးသားကို
အပိုင်သိမ်းတော့မှာ......

…………………………………………………………

*ဦး!! လာဆော့လေ
ပျော်စရာကြီး!! ဟီး!!*

baekhyunအခေါ်ကို
chanyeol ဆက်ဆော့ဆိုတဲ့သဘောနဲ့
မေးဆက်ပြရင်း
သောင်ပြင်ပေါ်မှာသာထိုင်နေမိသည်။
သူ့အရှေ့ကကောင်လေးကတော့
စိတ်ရှုပ်စရာတွေ မရှိတော့လောက်အောင်ကို
ပျော်ပါးနေတာ  .....
chanyeolမဆော့တာအကောင်းမဟုတ်
ရေစိုလို့ကပ်နေပြီဖြစ်တဲ့
baekhyunရဲ့ ကောက်ကြောင်းလေးကို
စိမ်ပြေနပြေမျက်စိအစာကျွေးနေခြင်း....

ညနေဘက်မှာ ဒီရေလေးဆော့ရတာကို
ဘာတွေအဲ့လောက်တောင်သဘောကျနေလဲ
chanyeolမတွေးတတ်...

ဗွမ်း!!!!

*ဟာ!!*

*ဟား!! ဟား!! စိုကုန်ပြီ*

baekhyunအားရှိသလောက်
ပက်လိုက်တဲ့ရေတွေက
chanyeolအတွက်မဖြစ်စလောက်ပေမဲ့
ရုတ်တရက်မို့ကာချိန်မရလိုက်
မျက်နှာကလွှဲလိုက်တာမို့
ရင်ဘတ်တွေကတော့စိုကုန်လေရဲ့.....
သူ့ကိုစလိုက်ရလို့ပျော်နေတဲ့ကောင်လေးကို
chanyeolအသည်းတွေယားလာတာမို့

G.O.R.G.E.O.U.S 💋🍂 (UNI+ZAW) [completed]Where stories live. Discover now