PART-(13)

466 62 6
                                    

ZAWGYI

G.O.R.G.E.O.U.S  💋🍂[PART-13]

အလုပ်သမားတွေအလစ်မှာ
Baekhyunအိမ်တော်ကနေ
ခိုးထွက်နိုင်ခဲ့သည်။

ခြံဝန်းထဲကနေ ထွက်နိုင်ဖို့
တော်တော်ပြေးလိုက်ရတဲ့
ကောင်လေးတစ်ယောက်ကတော့
မမောနိုင်မပမ်းနိုင်ဖြင့်
အေးနေတဲ့အချိန်မှာတောင်
ဆံစလေးတွေမှာ ချွေးစက်တွေ
တွဲခိုနေလေရဲ့ .....

*အားးးရောက်တော့မယ် ဟူး!!*

မြင်နေရတဲ့အုတ်တံတိုင်းက
Chanyeolပိုင်နက်ရဲ့အကျော်ပင်

ဒါပြီးရင်လမ်းမကြီးဆီရောက်ပြီ။
ပီးတာနဲ့အငှားကားတစ်စီးဖြင့်
papaဆီသို့ ....

baekhyun သူ့အတွေးနဲ့သူ
ဟုတ်နေပေမဲ့ အနောက်ကလိုက်လာတဲ့
ကားတစ်စီးကို သတိမထားမိ.....

ကျွီ!!!!

*အားးး!!!*

အရှေ့ ကနေကျော်ပြီး ပိတ်ရပ်လိုက်တဲ့
ကားကြောင့် အရှိန်မထိန်းနိုင်ကာ
ကတ္တရာလမ်းပေါ်သို့
လက်ထောက်လျက် ကျသွားတဲ့
baekhyun....

*ဟင်! ဦး*

baekhyun ...သူ့လက်မှာ
ပွန်းပဲ့သွားတဲ့ဒဏ်ရာကို
ဂရမစိုက်အား...ကားတံခါးကိုဖွင့်လိုက်ရင်း
သူ့ကိုခပ်တည်တည်ကြည့်နေတဲ့
Chanyeolဆီမှာသာ......

««««««««««G.O.R.G.E.O.U.S»»»»»»»»»»

*အင့်!!*

မွေ့ယာပေါ်ပစ်ချခံလိုက်ရတာမို့
baekhyunမနာပေမဲ့....
ဖြစ်လာမဲ့ ပြသာနာကို
သူတကယ်စိုးရိမ်နေမိသည်။
နက်ခ်တိုင်ကိုဖြေလျော့ကာ
ပြတင်းပေါက်ဘက်နားသွားရင်း
အပြင်ကိုကြည့်နေတဲ့ chanyeol.....
မွေ့ယာပေါ်ကနေ အသာထရင်း
chanyeolရဲ့နောက်နားလေးမှာ
ခေါင်းငုံ့ပြီး တိတ်တိတ်လေးရပ်နေတဲ့
ကောင်လေးက အပြစ်လုပ်ထားပြီးမှ
ကြောက်နေတဲ့ ကလေးလေးတစ်ယောက်လို......

*အဲ့လောက်တောင်
ကိုယ့်အနားကနေ ထွက်သွားချင်တာလား*

အော်တာမဟုတ်ပေမဲ့
အပြစ်လုပ်ထားတဲ့ကလေးကတော့
မျက်ရည်လေးတွေ စပီးကျလာလေရဲ့.....
baekhyunကခေါင်းအမော့
chanyeolကအလှည့်ဖြင့်တိုးမိတော့....
တကယ်စိတ်မကောင်းဖြစ်သွားရတဲ့သူက
chanyeolပင်.....

G.O.R.G.E.O.U.S 💋🍂 (UNI+ZAW) [completed]Where stories live. Discover now