Grief-1

3.6K 252 7
                                    

'အမ...ဘယ်လောက်ကျလဲ...ဗျ?...'

ဆိုးလ်မြို့ လူချမ်းသာရပ်ကွက်တစ်ခု၌ ဖွင့်လှစ်ထား
တဲ့ အရေပြားအထူးကု ဆေးခန်းတစ်ခု၏
ဆေးကောင်တာတွင် ဆေးဝယ်နေဟန်ရှိသည့်
လူငယ်တစ်ဦး။ ကောင်တာပေါ် လက်တစ်ဖက်ဖွဖွ
တင်ကာ အမေးပြုလျက်ရှိသည့် ကောင်လေး၏အသံမှာ အဆင်မပြေဟန် သက်ပြင်းသံတိုးတိုးတို့လည်း
ပါနေလောက်မည် ။စာရေးမလေးထံမှ အတွက်
အချက် အဖိုးခတို့ကိုလဲ စိတ်ဝင်တစား မေးခွန်းထုတ်
နေသေးသည် ။

'အာလုံးပေါင်း...သုံးသောင်းလေးထောင်ပါရှင့်...
ဆရာဝန်က...ကြည့်ရှုခမယူတာမို့...ထည့်မထွက်ထားပါဘူးရှင့်...'

'ဟုတ်ကဲ့ကျေးဇူးပါခဗျ...34000နော်...ခနနော်အမ...'

ဆရာဝန်က သဘောကောင်းလို့ အလကားကြည့်ပေး
တာတောင် 34000တဲ့...အသက်အောင့်ကာ ဂျင်း
ဘောင်းဘီနောက်ကပ် အိတ်ထဲမှထုတ်ယူလိုက်တော့
သောင်းတန်သုံးရွက် ထောင်တန်လေးရွက်နဲ့ ၅၀၀တန်တစ်ရွက်...ဟူး...ခုမှသက်ပြင်းချနိုင်တော့သည် ။
တော်သေးသည် ပါလာတဲ့ပိုက်ဆံလောက်လို့...

ငွေရှင်းသည့်အမှုပြီးတော့ ဆေးစာအုပ်တစ်ခုနဲ့
ဆေးတစ်ချို့ပါသည့် ပလက်စတစ်အိတ်လေးကိုင်ကာ
ဆေးခန်းမှ ထွက်လာခဲ့သည် ။ဟူး...တကယ်ဆို
ဒီလို ချမ်းသာတဲ့ ရပ်ကွက်မှာဖွင့်ထားတဲ့ ဆေးခန်း
ကိုမလာခဲ့သင့်ဘူး...ဝက်ခြံတကယ်ပျောက်မပျောက်
တော့မသိဘူး ထယ်ယောင်းဆိုတဲ့ အကောင်ညွှန်လိုက်တဲ့ ဒီဆေးခန်းမှာလာလာပြနေတာ တစ်ခေါက်တစ်ခေါက် ကုန်ကျစရိတ်တွေက နင့်နေတာပဲ...

ဝက်ခြံ...ဝက်ခြံ...ကောင်ကျိုးကိုမပေးဘူး...လူပျို
ဖော်ဝင်ကာစ ၁၃နှစ်လောက်ထဲကနေ ပေါက်လာလိုက်
တာ တောက်လျှောက် ခု၂၁နှစ်တောင် ရှိနေပြီ
တစ်ခါမှ မပျောက်ဖူးသေးဘူး...ကံတွေ ဘယ်လောက်
တောင်ညံ့ခဲ့တယ်မသိ တစ်ခါမှ လူကြားထဲ ပေါ်ပေါ်
ထင်ထင် မျက်နှာမပြရဲခဲ့သည်ထိ ။

တကယ်ပါ ရုပ်မချောချင်ပါဘူး...သူများတွေလို
ပြစ်ချက်ကင်း ချောမောနေချင်တာမျိုးလည်းမရှိခဲ့ဘူး
ဒါပေမယ့် ခုလို ရုပ်လဲမဆိုးချင်ဘူးလေ...
ဘဝက ဝက်ခြံတွေကြောင့် အကျည်းတန်တန်
ဖြတ်သန်းလာခဲ့ပေါင်း များပြီ ။ အလှကုန်အမျိုးမျိုးသုံးကြည့်ဖူးခဲ့ပေမယ့် မပျောက်ကင်းနိုင်ဘဲ
အကုန်အကျများခဲ့ပေါင်းလည်း မနည်းတော့ ။
ဟူး ဝက်ခြံကင်းပြီး လူရုပ်သူရုပ်နဲ့ပဲ
လူတောတိုးချင်ပါတယ် ဘုရား...
မသန့်တဲ့အကြောင်းတရားတွေရှိရင် မြန်မြန်ကုန်ပြီး
သန့်စင်ရပါလို၏

Grief(Completed)Where stories live. Discover now