Grief-6

983 140 15
                                    

Who was water-king in pastlife?

ထယ်ယောင်းက ရည်းစားများတယ်လား...?
ဟုတ်တယ် ။များတယ် ။ပြီးတော့ အရေအတွက်က
သက်စေ့တောင်ကျော်လောက်ပြီ ထင်တာပဲ...

ထယ်ယောင်း ဂျီမင်းကိုကြိုက်နေတာမဟုတ်ဘူးလား?
နိုးနိုးနိုး ဂျီမင်းကိုကြိုက်သည်မဟုတ်...ချစ်တာ...
ကျွန်ုပ်ဂျီမင်းကို မြတ်နိုးပြီး သိပ်ချစ်တာ...

ဘာလို့ ရည်းစားတွေအထည်အလဲတွဲလဲ ?
အဟား...ဂျီမင်းကို သိပ်ချစ်လို့ မိန်းကလေးရည်းစား
တွေအများကြီးထားဖြစ်တယ် ပြောရင် ယုံကြမည်လား ?

ယုတ်တိမရှိပေမယ့် မိဘနှစ်ပါးနဲ့ သိုက်ဝန်း
ပျော်ရွှင်နိုင်ခဲ့တဲ့ ကာလ တစ်ခုမှာ ခရီးရှည်တစ်ခုထွက်
ရာမှ အစပြုတယ်ဆိုရမည်လား...အမျိုးတွေရှိတဲ့
ဘူဆန်မှာ တစ်လကျော်လောက် ခဏတဖြုတ်
အခြေချခဲ့ဖူးစဉ်ကစလို့ ချစ်ဖို့ကောင်းတဲ့ ကျွန်တော့်
အသည်းကျော်ပေါက်စလေးပေါ် သံယောဇဉ်
တွယ်ခဲ့မိတယ် ။ဘူဆန်ဆိုတဲ့ ခေတ်သိပ်မဆန်တဲ့
နယ်မြေအပေါ် ကျွန်တော်တွယ်တာလာခဲ့တယ် ။
တမင်သက်သက် အလည်လာရောက်ကာ ဦးတည်
တွေ့ချင်သူဟာလဲ ဂျီမင်းဖြစ်သလို အချိန်ဖြုန်းမိတာ
လည်း ဂျီမင်းအနားတွင်သာ ။

အစပိုင်းသံယောဇဉ်တွေကတော့ အဖြူထည်ပဲ...
မတွေ့ရ မနေနိုင်တွေ ဖြစ်လာခဲ့တော့ ကျောင်းပြောင်း
လာဖို့ထိ ဖြစ်ပျက်လာတဲ့ ကျွန်တော့အကြောင်းတွေကို
သဘောထားမကြီးတဲ့ မိခင်က သိလာလေသည် ။
အဲ့မှာ ဇာတ်လမ်းစတယ် ။Gayဖြစ်မှာဆိုးတာကြောင့် မိန်းကလေး ရည်းစားထားရမယ်တဲ့...အဟက်...
ဘယ်လောက်တောင် ရူးမိုက်တဲ့ ဟာသစကားတွေလဲ?
ပြောင်းပြန်နော် ရည်းစားရှုပ်ဖို့ တိုက်တွန်းသူက
မိခင်တိုင်ပင်...

စီပွားရေးနဲ့လောင်းကစားတွေကြောင့် ဇာတ်ရှုတ်စွာ
ပျက်ယွင်းလာတဲ့ ကျွန်တော်တို့ မိသားစုဆက်ဆံရေး
ကြောင့် မိခင်ဖြစ်သူ၏ ပြောစကားတွေ အာဏာစက်
တွေကို ကျွန်တော်မလေးစားခဲ့ဘူး ။ သူမ ပြောသလို
မဟုတ်တရုတ် ပွေရှုပ်တဲ့ ဇာတ်လမ်းတွေကို
လိုက်နာစရာမှမလိုပဲ ။တစ်ယောက်သောသူကြောင့်...
ကျွန်တော်၏ တစ်ခုတည်းသော အားနည်းချက်လေး
ကြောင့်သာ ကျွန်တော် သူမ၏အကြံဆိုးအတိုင်း
မိန်းမတွေကြားပွေရှုပ်သူ တစ်ဦးအဖြစ်နေခဲ့သည် ။

Grief(Completed)Where stories live. Discover now