မွေးရပ်မြေမနက်ခင်း၏ လေနုအေးများက စိတ်ကိုကြည်လင်စေသည် ။ဝေခွဲမရစွာ ပူလောင်ပြင်းပြသည့်
ခံစားချက်များနှင့် ပြေးထွက်ရှောင်တိမ်းလာမိသည့်
ဇာတိရပ်က တကယ့်ကိုနှစ်သိမ့်နိုင်စွမ်းရှိလှသည်မို့
ဝန်ပိနေသည့် စိတ်ခံစားချက်လေးလေးတို့ဆီက
အနည်းငယ် ရှောင်ထွက်နိုင်နေသလိုလို ။အတိအကျ
တော့မဟုတ်ပါဘူး...အလုံးစုံမပေါ့ပါးနိုင်သေးဘဲ
တွေးဆဆဖြစ်နေသေးသည့် ကိုယ့်စိတ်ကိုယ်တော့
သိနေပါသေးသည် ။ဟူး...ခုတော့ လွတ်လပ်နေတယ်
လို့ပဲ အမူအရာပြပါရစေ။ကြွေရေနွေးခရားလေးအား အထက်သို့ကိုင်မြှောက်လျက် အောက်ဘက်ဆီမှ ဆင်တူကြွေခွက်လေးထဲ
လောင်းထည့်နေသော ဖွားအား သူတစိမ့်စိမ့်ကြည့်နေမိသည် ။စိတ်ဝင်တစားဟူသော ခံစားချက်အမည်တပ်
လို့မရသော်လည်း ခုလိုလှုပ်ရှားမှုတိုင်းကိုကြာရှည်
လိုက်ကြည့်နေမိသည်က အတွေးများကာ ငူငိုင်နေခြင်းလည်း ဖြစ်နိုင်ပါသေးသည် ။'ဖွား...ဘဝက...အေးချမ်းလိုက်တာ...'
တွေးဆဆသူ့အပြောကို ဖွားက အပြုံးအေးအေးဖြင့်သာ အငြိမ်တုံ့ပြန်လေသည် ။
'ခေတ်ကာလတွေခြားသွားလို့များလား...သားတို့ကျ
တော့...အဖြစ်အပျက်တွေက...မရိုးရှင်းသလိုဘဲ...'ဆက်ပြောနေတဲ့ သူ့စကားသံရှိရာဘက် ခပ်အေးအေး
လှည့်ကြည့်လာတဲ့သူမက ရေနွေးခွက်လေးပါ
လက်ထဲကမ်းပေးဖို့လည်း မမေ့မလျော့ပင် ။'မြေး...ထင်လို့ပါ...အဖွားတို့က...အရှုပ်အထွေးတွေကို...ကျော်လွန်ပြီးလို့...တစ်ဖက်ကမ်းခတ်တဲ့...အရွယ်တောင်...ရောက်နှင့်နေပြီလေ...'
နှလုံးသားကိစ္စဟူ၍ သေချာပြောမပြထားသော်ငြား
လူငယ်တို့၏ သဘာဝကိုကြမ်းကြေ နားလည်လွယ်သော လူကြီးတစ်ယောက် ဖြစ်သည့်အလျောက်
သူမက တကယ်ကို အကဲခတ်တော်လေသည် ။'တစ်ခုတော့ရှိတယ်ကလေး...ဒါက...ငါ့မြေးလေး...
ကိုယ့်စိတ်ကိုယ်သိတတ်ပါ...နှလုံးသားအလိုကိုလိုက်လို့...မှားတတ်တယ်ဆိုတာမျိုးကလည်း...အမြဲမှန်တဲ့
စကားစုတော့မဟုတ်ဘူး...ငါ့မြေးလေးက...
တွေဝေခြင်းကင်းတဲ့သူမို့...ရွေးချယ်မှုတိုင်းက...
အကောင်းဘက်ပဲရောက်မယ်ဆိုတာ...အဖွားယုံတယ်...အဲ့တော့...မြေးနှလုံးသားကို ဦးစားပေးလို့ရတယ်...ဟုတ်ပြီလား...'
![](https://img.wattpad.com/cover/242541277-288-k653369.jpg)