ချစ်သူငယ်ချင်းဆီသို့....
"ထယ်ယောင်း ,ငါတို့ရဲ့အိမ်လေးဆီကို ဦးတည်မလာ
နိုင်တဲ့ ငါ့ရဲ့ခြေလှမ်းတွေအတွက် နူးညွတ်စွာတောင်းပန်ချင်ပါတယ် ။ တောင်းပန်ပါတယ်ဆိုတဲ့ စကားက
ငါတို့ကြား သူစိမ်းဆန်နေမယ်ဆိုတာ သိပေမယ့်
အရာရာအတွက် ဒီစကားကို တစ်ခေါက်လောက်တော့
ပြောချင်ပါရဲ့ ။စိတ်ရင်းနဲ့ တကယ်တောင်းပန်ပါတယ် ။ ငယ်ရွယ်စဉ်က ကစားချိန်တိုင်းမှာ အငြင်းသန်တဲ့ငါ့ကို အမြဲအလျော့ပေးပြီး ပြဿနာတိုင်းက မင်းရဲ့
အမှားလို့ တွေးပေးတတ်တဲ့ သည်းခံဆုံးသူငယ်ချင်းလေးကို အရောင်ပြောင်းပြီး မဆက်ဆံနိုင်ခဲ့လို့~
အပူအဆာကြီးလို့ မိဘတွေဆီကအဆူခံရတိုင်း အိပ်စိုက်ကာ လိုချင်သမျှဝယ်ပေးတတ်တဲ့ အဖြူရောင်သူ
ငယ်ချင်းလေးမင်းက ငါ့ထက်ဆိုးတဲ့ စိတ်ဒဏ်ရာတွေနဲ့မိဘတွေဆီက မေတ္တာအပြည့်အဝမရဘဲ ရှင်သန်ခဲ့ရတာတောင် မင်းကိုယ်ကိုထက်ငါ့ကို နှစ်သိမ့်ပေးချင်ခဲ့
တယ် ။
အနွေးထွေးဆုံး ငါ့သူရဲကောင်းသူငယ်ချင်းလေးကို
သူငယ်ချင်းဆိုတဲ့ ခေါင်းစဉ်ကိုကျော်လွန်ပြီး အဆင့်
မတက်ပေးနိုင်ခဲ့လို့~မင်းက အချစ်လို့ခေါင်းစဉ်တပ်ခဲ့
တာတောင် အမှတ်မှားမှုလို့သတ်မှတ်ပြီး အရင်တိုင်း
ဖြူစင်တဲ့မေတ္တာတွေနဲ့ ရှေ့ဆက်ချင်ခဲ့လို့~ငါ့သူငယ်ချင်းလေး ထယ်ယောင်းကို တောင်းပန်ပါတယ် ။ပေါ့ပေါ့ပါးပါး ငါပြောထွက်တဲ့ သူငယ်ချင်းဆိုတဲ့နာမ်စားတစ်ခုက အဓိပ္ပါယ်အနေနဲ့တော့ မပေါ့တန်လှဘူး ။
လေးနက်တယ် နီးကပ်တယ် ။ အရာရာထက် တန်ဖိုးများတဲ့ ဆက်နွယ်ရေးတစ်ခု ။ အခြားသူတွေကို
ပြောပြဖို့မစွမ်းတဲ့ အားနည်းချက်တွေတောင်မှ အချစ်ခင်ရဆုံးသူငယ်ချင်းတွေဆီကိုတော့ အဦးဆုံးဝန်ခံဖြစ်
ကြတယ် ။ မရိုးရှင်းတဲ့ ချစ်သူရည်းစားဘဝက
ငါတို့ရဲ့ သူငယ်ချင်းဆိုတဲ့ ဘဝထက် အများကြီး
အားနည်းလေတော့ တကယ်ပါ အဖိုးတန်တဲ့အရာကြီး
ကို ငါအရောင်မဆိုးချင်ခဲ့ဘူး ။ နားလည်မှာပါ ။
ပတ်ဂျီမင်းဆိုတဲ့ ငါ့ရဲ့စိတ်ကို အဖတ်တတ်ဆုံးက
ကင်ထယ်ယောင်း တစ်ယောက်ထဲလေ ။"ချစ်သူငယ်ချင်းဆီမှ...
အရင်းနှီးဆုံး လက်ရေးလေးဖြင့် မှင်ရောင်ခြယ်တဲ့
စာရွက်ဖြူဖြူဟာ ရင်အစုံကိုထိုးခွင်းဖို့ရန်အတွက်ပါ ။
သူ့ရဲ့လက်နှစ်ဖက်ဖြင့် သေချာကိုင်ထားမှုကြောင့်
တုန်ခါနေသော စာရွက်ငယ်ဟာ မြေခမှုမရှိ ။
![](https://img.wattpad.com/cover/242541277-288-k653369.jpg)