Part - 1

13.7K 549 26
                                    

{Unicode}

Villain ဆိုတဲ့စကားလေးက သိပ်လှတယ်..
လူအများက မုန်းကြတဲ့နာမည်
လူအများရဲ့မုန်းခြင်းကို ခံရတဲ့လူမျိုးတွေပေါ့။

Villainကိုမုန်းတတ်တဲ့လူတွေထဲ ကျွန်တော်လည်းပါခဲ့တယ်။
မထင်ထားခဲ့ပါဘူး
ကျွန်တော်ကိုယ်တိုင် ကျွန်တော်သိပ်မုန်းတဲ့Villain တစ်ယောက်ဖြစ်သွားမယ်လို့။

*ကိုကို*လို့ကျွန်တော်အမြဲခေါ်တဲ့
ကျွန်တော်ချစ်ရသူက သူ့ချစ်သူကိုကျွန်တော်ဆီခေါ်လာပြီး မိတ်ဆက်ပေးတဲ့နေ့ကစပြီး ကျွန်တော်ကVillainတစ်ယောက် ဖြစ်မှန်းမသိဖြစ်သွားခဲ့ရတယ်။

အဆုံးသတ်မလှပတဲ့ Villainတွေရဲ့ဇာတ်သိမ်းကိုသိရက်နဲ့ ကျွန်တော်ကVillainဆိုတဲ့ နာမ်စားကို ကျေကျေနပ်နပ်ခံယူခဲ့တယ်။

ကျွန်တော့်ရဲ့ကိုကို ကိုပိုင်ဆိုင်ဖို့အတွက်ပေါ့..

လောကကြီးရဲ့သဘောသဘာဝကို ဆန့်ကျင်ပြီး ကျွန်တော်ကိုယ်တိုင်ရေးထိုးမဲ့ မှတ်တိုင်တစ်ခုရှိတယ်။ ဒါက...

"Villainတစ်ယောက်ဖြစ်တဲ့....
ကျွန်တော့်ရဲ့ဇာတ်သိမ်းကို
ကျွန်တော်ပဲရွေးချယ်မယ်....
ကျွန်တော့်ရဲ့အဆုံးသတ်ကို
ကျွန်တော်ကိုယ်တိုင်ပဲရေးမယ်...."

.♡ ♡ ♡.

မနက်စောစောဝမ်ရိပေါ်တစ်ယောက် အဝတ်စားရွေးချယ်ခြင်းနှင့်အလုပ်များနေလေသည်။

သူ့ကိုကိုဆီသွားရမှာဆိုတော့ အနည်းဆုံးကိုကိုမျက်လုံးထဲ ဝမ်ရိပေါ်ကကြည့်ကောင်းနေမှဖြစ်မှာ....

Ring Ring~~

အဝတ်ရွေးလို့မပြီးသေးပါဘူးဆို ဖုန်းလာနေသောကြောင့် ဖုန်းခေါ်တဲ့သူကိုကြိတ်ဆဲပြီးကိုင်လိုက်သည်။

"အင်းပြော ဖန်ရှင်း"

"ဝမ်ရိပေါ်...မင်းစောစောလာနော် နောက်ဆုံးနှစ်ရောက်နေပြီ ကျောင်းပထမဆုံးရက်မှာ နောက်ကျမှမလာနဲ့ ဒီနှစ်ငါတို့တာဝန်တွေများတယ် ကြားလား!"

ဖန်ရှင်းအသံအရင်မလာခင် ဘေးကဟောက်ရွမ်းအသံကအရင်ထွက်လာသည်။

ဝမ်ရိပေါ်ကိုပြောရတော့မယ်ဆို အဲ့ကောင်ကအမြဲတက်ကြွနေတာ ပြောကိုမပြောချင်ဘူး....

Ending Of VillainWhere stories live. Discover now