Chapter 1

19.8K 1.4K 78
                                    

(Unicode)

တစ်နေ့ Blue Paradise cafe ဟာရုတ်တရက် ထိန်းသိမ်းခံလိုက်ရတယ်။

ရှလင် ကချိန်းထားသောအခ​ျိန်ထက်နှစ်မိနစ်နောက်ကျပြီးမှရောက်လာခဲ့တယ်။  ရှလင် Cafe ဆိုင်အတွင်းမှာရှိတဲ့သူတွေ သူရပ်နေတဲ့ဆိုင်တံခါးနားကနေ တဖြည်းဖြည်း နောက်ဆုတ်သွားကြတာကိုတွေ့လိုက်ပြီး ​ဝေခွဲမရဖြစ်သွားတယ်။ Cafe တစ်ဆိုင်လုံးမှာရှိတဲ့ လေဝင်လေထွက်ကောင်းစေရန် ထားထားတဲ့ အပေါက်ငယ်တွေကိုပိတ်ထားလိုက်ပြီး တစ်ဆိုင်လုံးကို အပြင်လောကနေခွဲထုတ်ပြီး သီးသန့် ထိန်းသိမ်းထားလိုက်သည်။

"ဟာ​ နောက်ထပ် Omega တစ်ယောက် heat ဝင်ပြန်ပြီလား။ ငါဒီမှာကော်ဖီတောင် ပြီးအောင်မသောက်ရသေးဘူးလေ" Beta ဖြစ်ဟန်ရှိသောလူငယ်တစ်ယောက်က စိတ်ပျက်စွာ ငြီးငြူပြီး coffee ဆက်သောက်နေတယ်။

'Heat ဝင်နေတဲ့ Omega?!' ရှလင် ဟာရုတ်တရက်​ ကြောင်အသွားတယ်။ ဒီပတ်ဝန်းကျင်မှာ ကိုယ့် Heat ဝင်မယ့်နေ့ကိုမသိပဲ အပြင်မှာလျှောက်သွားနေတဲ့ Omega တကယ်ကြီးရှိနေတာလား။ အဲ့တာကြောင့်မို့ Heat ဝင်နေတဲ့ Omega ကိုဆွဲခေါ်ထုတ်မယ့်အစား လူတိုင်းကို ဒီcafe ထဲမှာပဲထိန်းသိမ်းထားဖို့ဆုံးဖြတ်လိုက်ကြတယ်။ ဒါ Omega တစ်ယောက်က ကိုယ်နဲ့ လိုက်ဖက်ညီတဲ့ ကံကြမ္မာကသတ်မှတ်ထားတဲ့ Alpha နဲ့တွေ့လို့ Heat ဝင်လာမျိုးတော့မဟုတ်နိုင်ဘူး။ သေချာပေါက် Omega ဖြစ်သူကိုအဖော်ပြုပေးနေတဲ့ Alpha ရှိကိုရှိရမယ်။

ရှလင်: "My god, လူမြင်ကွင်းကြီးမှာကို Heat oင်ချိန် Live action ရိုက်နေကြတာလား"

ဒါ့ကြောင့် တစ်ဆိုင်လုံးမှာရှိတဲ့သူတွေအကုန် ရုတ်ရုတ်သဲသဲဖြစ်သွားကြတယ်။ အမ​ျားစုကတော့ ထို ပတ်ဝန်းကျင်ကိုဂရုမစိုက်ပဲ ဖြစ်ချင်ရာဖြစ်နေတဲ့ Omega နဲ့ Alpha အတွဲကို ဓာတ်ပုံရိုက်နေကြပြီးရှုတ်ချနေကြတယ်။ တစ်ချို့ကတော့ ဆိုင်ကနေထွက်သွားကြပြီး တစ်ချို့ကတော့ ချိန်းဆိုထားတဲ့သူတွေနဲ့ ကျန်ရစ်ခဲ့ပြီး ကိုယ့်အလုပ်ကိုလုပ်နေကြတယ်။

ထိုလူအုပ်ကြီးထဲမှာ မတ်တပ်ရပ်နေရင်း ရှလင် က ဘေးဘီကိုကြည့်ပြီး ခိုင်အန်း ကိုရှာလိုက်တယ်။
ခိုင်အန်း က မှတ်မိဖို့တော်တော်လွယ်တယ်။  Alpha တစ်ယောက်ဖြစ်တာနဲ့အညီ လူတွေကြားထဲမှာထိုးထွက်နေတဲ့အရပ်ရယ် ရွှေရောင်ဆံပင်တွေနဲ့အတူ
ခိုင်အန်း ဟာ မျက်စိမလွှဲနိုင်လောက်လောက်အောင်ကို ချောမောတယ်။

ငါ့ရည်းစားဟောင်းတွေ အကုန်လုံးက Alpha တွေချည်းပဲ!!! (Myanmar Translation)Where stories live. Discover now