Chapter 2

6.9K 1.1K 31
                                    

(Unicode)

တစ်ပတ်ကျော်ကြာပြီးတဲ့အချိန်မှာတော့ ခိုင်အန်းရဲ့ အလုပ်နေရာက ဘယ်နေရာကရောက်လာမှန်းမသိတဲ့ တခြားတစ်ဦးနဲ့ အစားထိုးခံလိုက်တယ်။ ရှလင်ဟာ ယခုလောလောဆယ် လွတ်နေတဲ့ ဌာနခေါင်းဆောင် ခိုင်အန်းနေရာမှာ အစားထိုးလိုက်တဲ့သူရဲ့ပုံရိပ်ကိုမြင်လိုက်တဲ့အခါမှာ မျက်ရည်ကျလုမတတ်ပျော်သွားတယ်။

ရှလင်ဟာ ယခုအသစ်ရောက်လာတဲ့ ဌာနခေါင်းဆောင်ထံသို့ အစီရင်ခံစာသွားတင်ရန် သူရဲကောင်းတစ်ယောက်နှယ် ပြင်ဆင်လိုက်ပြီး တံခါးခေါက်ကာ ရုံးခန်းထဲသို့ခြေလှမ်းလှမ်းလိုက်တယ်။ ရှလင်ဟာ သူ့ရဲ့စိတ်ထဲမှာ ပျော်ရွှင်တက်ကြွစွာနဲ့ တွေးလိုက်တယ်။

'ပင်မဌာနချုပ်ကို လူပို့လိုက်လို့ ကောင်းကင်ဘုံကို ကျွန်တော်မျိုးကျေးဇူးတင်ပါတယ်။ မဟုတ်ရင်လဲ ငါအလုပ်များလွန်းလို့ စိတ်ဖိစီးပြီးသေနိုင်တယ်။'

ရုတ်တရက် ရှလင်ဟာ ခိုင်အန်းကိုမှတ်ချက်ဆိုးချလိုက်တယ်။ နောက်ဆုံးတော့လည်း Rut ဖြစ်နေတဲ့အချိန်မှာ အလုပ်ကိုလျစ်လျူရှုတာ ကောင်းတဲ့ဝန်ထမ်းမဟူတ်ဘူး။

Alpha တစ်ယောက်ဖြစ်တဲ့ ရွှယ်ကျဲနန်ဟာ International and elite ကောလိပ်မှ ဘွဲ့ရခဲ့တဲ့ ထိပ်တန်းကျောင်းသားတစ်ဦးဖြစ်တယ်။ ရွှယ်ကျဲနန်အတွက် ဒီလို ကုမ္ပဏီရဲ့ ဌာနခေါင်းဆောင်အဖြစ် ဝင်လာခြင်းဟာ ကုမ္ပဏီကသူများ၏အမြင်မှာတော့ ဘုရင့်ဝတ်ရုံဝတ်ပြီး ဘဝအထွတ်အထိပ်သို့ မလျှောက်လှမ်းခင် အတွေ့အကြုံအတွက် နယ်ဘက်ကိုသွားရောက်ခြင်းနဲ့တူတယ်။

ဘာပဲဖြစ်ဖြစ် ရှလင်ဟာ အရည်အချင်းအင်မတန်ပြည့်စုံတဲ့ ခေါင်းဆောင်ရှိတာဟာ အခွံပဲလှတဲ့ ခေါင်းဆောင်နဲ့တွေ့တာထက် သာတယ်လို့ယုံကြည်တယ်။ ဒါ့ကြောင့် ရှလင်ဟာ သူ Alpha ဖြစ်နေတာတောင်ခွင့်လွှတ်ပေးနိုင်တယ်။ သူသာ သူ့အလုပ်သူကောင်းကောင်းမွန်မွန်လုပ်ရင် Heat ဝင်နေတဲ့ သားရဲတိရိစ္စာန်တွေကလည်း လူတွေနဲ့အတူတူပဲလို့ သတ်မှတ်နိုင်တယ်။ ရှလင်ဟာ ထိုသူတို့အား လေးစားခြင်းမရှိသလို မနာလိုဝန်တိုခြင်း နှင့် မုန်းတီးခြင်းလည်းမရှိ။

ငါ့ရည်းစားဟောင်းတွေ အကုန်လုံးက Alpha တွေချည်းပဲ!!! (Myanmar Translation)Where stories live. Discover now