Chapter 6 Part 1

5K 1.1K 34
                                    

(Unicode)

ထိပ်တန်း ဇိမ်ခံ ဟိုတယ်မှာ လက်ထပ်ပွဲကျင်းပတာက ခိုင်အန်းရဲ့ စတိုင်ပဲဖြစ်တယ်။ ခိုင်အန်းဟာ အမြဲတမ်း အသုံးအဖြုန်းကြီးပြီး သူ့ချမ်းသာမှုကို ကြွားဝါရတာကို သဘောကျသူမျိုးဖြစ်တယ်။

အသစ်စက်စက်ဇနီးမောင်နှံဟာ လာရောက်သမျှဧည့်သည်တွေအားလုံးရဲ့ အဓိကအာရုံစိုက်မှုကို တစ်ချိန်လုံးခံနေရတယ်။ ပြီးပြည့်စုံတဲ့ Alpha နဲ့ Omega အတွဲတိုင်းဟာ တစ်ယောက်တည်းသမား Alpha တွေနဲ့ Beta တိုင်းရဲ့ အားကျတဲ့ အကြည့်တွေနဲ့ အကြည့်ခံရစမြဲဖြစ်တယ်။ သူတို့နေထိုင်တဲ့ လောကကြီးက ထိုကဲ့သို့ပင်ဖြစ်တယ်။ ထူးချွန်ပြီး ကံကောင်းသူအချို့ကသာ သူတို့ရဲ့ ပြီးပြည့်စုံတဲ့ ကံကြမ္မာကသတ်မှတ်ပေးထားတဲ့ လက်တွဲဖော်ကို တွေ့နိုင်တယ်။

လက်ထပ်ပွဲထဲသို့ ရောက်တဲ့အချိန်ကစပြီး ရှလင်ဟာ အသစ်စက်စက်ဇနီးမောင်နှံထံမှ ခပ်ခွာခွာနေလိုက်တယ်။ ခိုင်အန်းရဲ့ Omega က မိန်းကလေးတစ်ယောက်ဖြစ်တယ်။ သူ့မရဲ့ ဆံနွယ်တွေကို ကြော့ရှင်းတဲ့အကောက်လေးတွေနဲ့ ခပ်ဖွာဖွာလေး လုပ်ထားတယ်။ ဒါကြောင့် သူမရဲ့ သွယ်လျလှပတဲ့ လည်တိုင်လေးက အတိုင်းသားပေါ်နေတယ်။ ကျက်သရေရှိစွာနဲ့ နူးညံ့သိမ်မွေ့စွာလှပနေတဲ့ သူမရဲ့ မျက်နှာထက်မှာ ရှက်ပြုံးလေးကိုလဲ တစ်ချိန်လုံးပန်ဆင်ထားသေးတယ်။ သူမရဲ့ဘေးက အေးစက်ပြီးတည်ငြိမ်နေတဲ့ ခင်ပွန်းနဲ့ ပေါင်းလိုက်တဲ့အခါ ထိုဇနီးမောင်နှံဟာ ထင်ရှားနေတော့တယ်။

ရှလင်ဟာ ခိုင်အန်းနဲ့ အကြည့်စုံသွားတိုင်းလဲ သူ့အကြည့်တွေကို မြေပြင်သို့ပို့ပြီး ကျန်းထျန်ခက်ရဲ့ ပုခုံးပေါ်သို့ မှီပြရန်မမေ့ခဲ့ဘူး။

"အချစ်" ကျန်းထျန်ခက်ဟာ ရှလင်ကို အီစိမ့်နေတဲ့ နာမည်လေးနဲ့ ရင်းနှီးစွာခေါ်လိုက်တယ်။ အဲ့ဒီနောက်မှာ ကျန်းထျန်ခက်ဟာ ရှလင်ရဲ့ ချစ်သူအဖြစ် ပီပြင်စွာသရုပ်ဆောင်တယ်။

"အချစ် ရှေ့ကိုနှစ်လမ်းလောက် တိုးလို့ရမလား? မဟုတ်ရင် ကိုယ်လိုချင်တာကိုမမှီလောက်ဘူး"

ကျန်းထျန်ခက်ဟာ အလေးထားတဲ့ မျက်နှာအမူအရာနှင့် ရှလင်ကိုကြည့်​နေပြီး သူ့ရဲ့ အသံဟာလည်း နူးညံ့သိမ်မွေ့ပြီး ချိုမြိန်နေတယ်။ ရှလင် ကျန်းထျန်ခက်ဟာအမှန်တကယ်ပင် အရည်အသွေးပြည့်မှီတဲ့ သရုပ်ဆောင်တစ်ယောက်ဆိုတာကို အသေအချာ အတည်ပြုလိုက်နိုင်ခဲ့တယ်။

ငါ့ရည်းစားဟောင်းတွေ အကုန်လုံးက Alpha တွေချည်းပဲ!!! (Myanmar Translation)Where stories live. Discover now