Chapter 3

6.1K 1K 19
                                    

(Unicode)

နည်းပညာတွေ တိုးတက်နေတဲ့ ၂၁ရာစုမှာတောင် လူသားတွေဟာ မိုးကြိုးကိုထိန်းချုပ်နိုင်ရန် လက်လှမ်းမမှီပဲရှိနေသေးတယ်။

ဒါကြောင့် မိုးကြိုးမုန်တိုင်းကြောင့် လေယာဥ်ချိန်ရွှေ့ဆိုင်းလိုက်တာဟာလည်း ကမ္ဘာတစ်ဝှမ်းမှစီးပွားရေးသမားတွေအတွက် ကြုံတွေ့နေကြသာဖြစ်တယ်။

ဒီအလုပ်ခရီးမှာ ခေါင်းဆောင်နဲ့အတူပါလာတဲ့ ဝန်ထမ်းဟာ ရှလင်တစ်ယောက်တည်းဖြစ်တာကြောင့် ရှလင်ဟာ သူ့ပုခုံးပေါ်မှာတာဝန်ပိနေပြီး လေယာဥ်မထွက်ခင်အချိန်ထိ ဖုန်းဆက်အကြောင်းကြားနေရတယ်။ အဲ့ဒီနောက် ရှလင်ဟာ လေဆိပ်ရဲ့ ခရီးသည်စောင့်နေရာမှာပဲ နာရီအတော်အကြာ ထိုင်စောင့်နေခဲ့ရတယ်။ ရှလင်သူ့ဘေးမှာထိုင်နေတဲ့ ခေါင်းဆောင်ကိုကြည့်လိုက်တယ်။ ခေါင်းဆောင်က Laptop ကိုအသုံးပြုပြီး သူ့ရုံးခန်းမှာရှိနေသလို အလုပ်ပြဿနာတွေကို လေးနက်စွာဖြေရှင်းနေတယ်။

ရှလင် သူ့ရဲ့အလုပ်အတွေ့အကြုံအရ ပြောရမယ်ဆိုရင် ထူးချွန်ပြီးသားကိုမှ အမြဲတိုးတက်ပြီးရင်းတိုးတက်နေတဲ့ ခွေးကောင် ခိုင်အန်းနဲ့သွားရတဲ့ အလုပ်ခရီးတွင်တောင်မှ ညနေဘက်​လေယာဥ်ခရီးစဥ် တစ်ခါမှစီစဥ်ဖူးသည်မရှိ။ သူတို့ဟာ နောက်တစ်နေ့တွင် အစည်းအဝေးတက်ရောက်ရတည်ဖြစ်တာကြောင့် အမြဲတမ်း နေ့တစ်ဝက်စောသွားလေ့ရ​ှိတယ်။

ရှည်ကြာပြီး ပျင်းရိစရာကောင်းတဲ့ နှစ်နာရီကုန်ဆုံးသွားတာတောင် ရွှယ်ကျဲနန်ဟာ အဆင်မပြေပြီး စိတ်မရှည်တဲ့အရိပ်အယောင်မပြပဲ မလှုပ်မရှက်နေနေတယ်။ တခြားတစ်ဖက်မှာတော့ ရှလင်ဟာ ဒီအခြေအနေမှာ ဆက်လက်မနေနိုင်တော့ဘူးဖြစ်တယ်။

ရှလင်က မေးလိုက်တယ်။

"ခေါင်းဆောင်ရွှယ် ကျွန်တော်တို့ကဘာလို့နေ့တစ်ဝက်စောမထွက်ပဲ ညကျမှထွက်တာတုံးမသိဘူး?"

ရှလင်ဟာ သူ့ရဲ့အတွေးရေယာဥ်ထဲမှာနစ်မြောနေတုံး ရွှယ်ကျဲနန်ခေါင်းမော့လာပြီး ပြန်မဖြေပဲ စိုက်ကြည့်နေခဲ့တယ်။ ထို့နောက် ထိုသူက အလုပ်ကိုပဲဆက်လုပ်ရန်ဆုံးဖြတ်လိုက်တယ်။

ငါ့ရည်းစားဟောင်းတွေ အကုန်လုံးက Alpha တွေချည်းပဲ!!! (Myanmar Translation)Where stories live. Discover now