Chapter 9 Part 2

5.3K 966 3
                                    

(Unicode)

နောက်နေ့မနက်တွင်တော့ ရှလင်ဟာ ရွှယ်ကျဲနန်ရဲ့ကားကို သူ့အိမ်ရဲ့လမ်းကျဥ်းလေးမှာတွေ့လိုက်ရတယ်။  ရှလင်က အကယ်၍ ခေါင်းမာစွာနဲ့ပင် ဒီလူကိုလျစ်လျူရှုပြီး Busကားစီးသွားရင်တောင် သူဟာ ရွှယ်ကျဲနန်နဲ့ တစ်ချိန်ထဲမှာပဲ ရုံးသို့ရောက်မှာဖြစ်တယ်။

ရှလင် ရုံးဆင်းချိန်ရောက်တဲ့အခါတွင်တော့ ခေါင်းဆောင်ရွှယ်ဟာ သူ့ရုံးခန်းထဲမှာ ဆယ်မိနစ်ကြိုပြီး ရုံးဆင်းသွားတယ်။ ရှလင်ဟာ ထိုအခွင့်အရေးကိုယူကာ သက်ပြင်းချလိုက်ကာ ကုမ္ပဏီထဲမှ လျင်မြန်စွာထွက်လိုက်တယ်။ ဒါပေမယ့် သူအပေါက်ဝကိုရောက်သည့်အခါတွင်တော့ သူနဲ့ရင်းနှီးတဲ့ကားတစ်စီးကို တွေ့လိုက်တယ်။ ဒါ့အပြင် ရွှယ်ကျဲနန်ဟာ အချိန်ပိုကိုဆင်ခြေပေးကာ ရှလင်အား ကျဥ်းမြောင်းတဲ့လမ်းကြားလေးထိ ဘေးမသီရန်မခအောင် လိုက်ပို့ပေးလေ့ရှိတယ်။

ရှလင်ဟာ ကြာလာတော့ တစ်ဖြည်းဖြည်းနဲ့ သည်းမခံနိုင်ဖြစ်လာတယ်။

"ခေါင်းဆောင် မောင်းဝင်သွားရင် လမ်းပိတ်သွားလိမ့်မယ်"

ရှလင်ရဲ့ တိုက်ခန်းအဆောက်အအုံပတ်ဝန်းကျင်ဟာ လမ်းပန်းဆက်သွယ်ရေးကောင်းတဲ့အထဲမပါဘူး။ ကားတစ်စီးလောက် ဖြတ်သွားဖို့ လမ်းကြားကကျယ်ဝန်းရင်တောင်မှ ဒီလမ်းကြားမှာ အများဆုံးသုံးတဲ့ယာဥ်တွေက ဆိုင်ကယ်တွေသာဖြစ်တယ်။

ရွှယ်ကျဲနန်ရဲ့ ဘက်မှန်အစ ကားတာယာအဆုံး တောက်ပြောင်ကာ အရှိန်အဝါတွေထွက်နေတဲ့ သုံးမီလီယံယွမ်တန်တဲ့ ကားဟာ ရှလင်တိုက်ခန်းလေးနှင့် ဘယ်လိုမှကိုက်ညီမှု မရှိဘူး။

"အဲ့ဒါက ပြဿနာမဟုတ်ပါဘူး။ အချိန်ကုန်အောင် မလုပ်နဲ့တော့"

ရွှယ်ကျဲနန်ဟာ ခုထက်ထိ ယုံကြည်မှုလွန်ကဲနေတဲ့
ဥက္ကဠအတိုင်း သူ့နေရာသူမသိဖြစ်နေဆဲဖြစ်တယ်။

ထို့နောက် ရှလင်ဟာ ထိုသူ့ရဲ့ မျက်လုံးထဲက ပြောင်းလဲမှုကို မြင်လိုက်တယ်။ ထိုပြောင်းလဲမှုဟာ သူ့ရဲ့ ဦးတည်ချက်တွေကို ဖုံးကွယ်ချင်သလိုပဲဖြစ်တယ်။ ရှလင်ဟာ သက်ပြင်းချလိုက်ပြီး အဓိပ္ပါယ်မရှိလို့ စဥ်းစားလိုက်တယ်။

ငါ့ရည်းစားဟောင်းတွေ အကုန်လုံးက Alpha တွေချည်းပဲ!!! (Myanmar Translation)Where stories live. Discover now