Chapter 6 Part 2

4.9K 1K 23
                                    

(Unicode)

ပတ်ဝန်းကျင်ရဲ့ လေထုက တင်းမာလာတယ်။ စက္ကန့်အနည်းငယ်အတွင်းမှာပဲ ရွှယ်ကျဲနန်ရဲ့ မျက်နှာအမူအရာကခက်ထန်လာတယ်။ ပြီးတော့ သူဟာ ထိုခက်ထန်မှုကို ဖုံးကွယ်ရန် မကြိုးစားခဲ့ဘူး။ ကျန်းထျန်ခက်ဟာ သူ့လက်ထဲမှာကိုင်ထားတဲ့ ဖန်ခွက်ထဲကဝိုင်အနည်းငယ်ကို သောက်လိုက်ပြီး သူ့ရှေ့က နှစ်ယောက်က တကယ်ကလေးဆန်ကြတာပဲလို့ခံစားလိုက်ရတယ်။ တစ်ယောက်နဲ့တစ်ယောက် သဘောကျနေကြရင်လည်း ဝန်ခံလိုက်ကြလေ! ဘာကိုကြောက်နေကြတာလဲ? ရှလင်ကလည်း အခုထိ ထာဝရတို့ စစ်မှန်တဲ့အချစ်တို့ကိုယုံနေသေးတာ တုံးလည်းတုံးအပြီး ချစ်ဖို့လည်းကောင်းပါတယ်လေ။ Tsk Tsk Tsk

ကျန်းထျန်ခက်ဟာ ယခုတော့ ရယ်စရာရှိုးပွဲတစ်ခုကိုကြည့်နေရတဲ့ အပြင်လူတစ်ယောက်လိုခံစားလိုက်ရတယ်။ ပျင်းရိစရာကောင်းတဲ့ လက်ထပ်ပွဲကတောင် ချက်ချင်းကြီး စိတ်ဝင်စားစရာကောင်းလာသလိုပဲ။

ထို့နောက် သူဟာ ရှလင် ရွှယ်ကျဲနန်ရဲ့ အကြည့်ကိုရှောင်ဖို့ ခရမ်းကြည်ရောင်ရှိတဲ့ သောက်စရာတစ်ခွက်ကိုသောက်လိုက်တာကိုတွေ့လိုက်တယ်။

ထိုသောက်စရာက Tarrango (ပြင်းသည့် စပျစ်ဝိုင်တစ်မျိုး) ဖြစ်တယ်။ နိုက်ကလပ်ဘုရင်တစ်ပါးဖြစ်တဲ့ ကျန်းထျန်ခက်အတွက်ကတော့ ထိုပြင်းတဲ့ အယ်လ်ကိုဟောတွေက သက်ရောက်မှုမရှိဘူး။ ဒါပေမယ့် ရှလင်လို အယ်လ်ကိုဟောမသောက်တတ်တဲ့ ဒါ့အပြင် နွားနို့သာကြိုက်တတ်တဲ့ ကလေးအတွက်ကတော့ တစ်ခွက်ထဲနဲ့မှောက်သွားစေနိုင်တယ်။ ကျန်းထျန်ခက်က သူ့ကိုယ်သူမထိန်းနိုင်ပဲ ရှလင်ကိုဆူလိုက်တယ်။

"Holy Hell ရှလင် မင်းရူးနေတာလား?"

"အာ" ရှလင်ဟာ တစ်ခွက်လုံးသောက်ပြီးတဲ့နောက်မှာတော့ အရသာမဆိုးဘူးလို့ခံစားလိုက်ရတယ်။ နည်းနည်းလေးပါတာလေး တစ်ခုပဲ။ ရှလင်က သူ့ရဲ့ နှုတ်ခမ်းကို လျှာနဲ့သပ်လိုက်ပြီး သူ့ရဲ့စိတ်တွေ လေးကန်ပြီး ထွေလာတာကိုခံစားလိုက်ရတယ်။

ရှလင်ရဲ့ မျက်နှာအမူအရာကိုကြည့်ရုံဖြင့် ကျန်းထျန်ခက်ဟာ ဒီကလေးကို ကယ်တင်လို့မရနိုင်တော့ဘူးဆိုတာသိလိုက်တယ်။ ရှလင်ရဲ့ အယ်လ်ကိုဟောခံနိုင်စွမ်းကို တိတ်တဆိတ်ချီးကျူးလိုက်ပြီး စလိုက်တယ်။

ငါ့ရည်းစားဟောင်းတွေ အကုန်လုံးက Alpha တွေချည်းပဲ!!! (Myanmar Translation)Where stories live. Discover now