Chapter 5

5.1K 1K 42
                                    

(Unicode)

ရှလင် လင်ရှ မဟုတ်ဘူး - "ငါ ဒီနှစ်ထဲမှာပဲ ဆယ့်ရှစ်နှစ်ပြည့်ပြီးသွားပြီ။ သုံးနှစ်ကလေးကိုလှည့်စားဖို့လုပ်တဲ့ စကားလုံးတွေနဲ့တော့ ငါ့ကို လှည့်စားလို့ရမှာမဟုတ်ဘူး"

ဟောဒီက Daddy က Omega လေးတွေထက် ပိုလှတယ် - "အကယ်၍ ငါက သုံးနှစ်ကလေးဖြစ်နေရင်တောင် အဲ့စကားလုံးတွေကို ယုံမှာမဟုတ်ဘူး"

ကမ္ဘာလောကကြီးတစ်ခုလုံးက ငါ့ရဲ့ Canvas ပဲ - "ဟာသပဲ။ မင်းရဲ့ ပုံမှန်မဟုတ်တဲ့ အခြေအနေကို ဘယ်သူက ကောလဟာလဖြန့်လိုက်တာတုန်း? အကယ်၍ ငါသာမင်းကို ပစ္စည်းတစ်ခုလိုလေလံတင်ရောင်းရင် ဂြိုလ်တစ်ခုလုံးကိုဝယ်ဖို့ ဖြစ်နိုင်လောက်လား?"

ရှလင် လင်ရှ မဟုတ်ဘူး - "???"

ဟောဒီက Daddyက Omegaလေးတွေထက် ပိုလှတယ် - "ကမ္ဘာပေါ်မှာ လက်မထပ်ရသေးတဲ့ ဘောစိ Alpha တွေက အနည်းဆုံး နှစ်ထောင်လောက်ရှိတာပဲ"

Nymphoတွေအကုန်လုံး မိုက်မဲဥာဏ်မရှိတဲ့သူတွေပဲ - "တစ်နေ့တာတွဲရင် တစ်ဆယ်မီလီယံ! နှစ်ရက်အတွက်ဆို နှစ်ဆယ်မီလီယံ! ကြာကြာတွဲလေ ကံကြမ္မာကသတ်မှတ်ပေးထားတဲ့ လိုက်ဖက်တဲ့ Omegaလေးနဲ့ တွေ့ဖို့ အခွင့်အရေးများလေပဲ! Damn ရှလင် မင်းတော့ ချမ်းသာတော့မယ်! မင်းချမ်းသာသွားရင် ငါတို့ကိုမေ့မသွားရဘူးနော် ဟေ့ကောင်"

ရှလင် လင်ရှ မဟုတ်ဘူး - "မင်းတို့ အသိစိတ်ကော ရှိသေးလား?"
___________________________________________

ရုံးခွဲသို့ သွားရတဲ့ အလုပ်ခရီးဒုတိယနေ့မှာတော့ ရှလင်ထံသို့ နူးညံလှပတဲ့ ဖိတ်စာကတ်လေးတစ်ကတ်ရောက်လာတယ်။ တစ်ချက်ကြည့်လိုက်ရုံနဲ့ လက်ဖွဲ့အန်ပေါင်း​တွေပေးရတဲ့ ပွဲမျိုးရဲ့ ဖိတ်စာကတ်ဆိုတာ သိသာတယ်။

"ဒါက ခိုင်အန်းရဲ့ လက်ထပ်ပွဲဖိတ်စာ။ တည်နေရာကတော့ ငါတို့မြို့မှာပဲ။ သူအဲ့နေရာမှာ အလုပ်အကြာကြီးလုပ်ခဲ့တာမို့ သူ့အတွက် ထူးခြားတဲ့အဓိပ္ပါယ်မျိုးရှိနေတာကြောင့် ဖြစ်ကောင်းဖြစ်နိုင်တယ်။ ရက်စွဲကတော့ ငါတို့ပြန်မယ့် ပိတ်ရက်နေ့ပဲ"

ရွှယ်ကျဲနန်ဟာ ဖိတ်စာကို လက်လှမ်းပေးရင်းဆိုတယ်။

"မင်းသွားဖို့ငြင်းမယ်လို့ ငါထင်ပေမယ့်လည်း မင်းကို ငါပေးပေးရမယ့်တာဝန်ရှိတာမို့ ယူလာပေးတာ"

ငါ့ရည်းစားဟောင်းတွေ အကုန်လုံးက Alpha တွေချည်းပဲ!!! (Myanmar Translation)Where stories live. Discover now