Arc-6.3

4.9K 405 27
                                    

ရှောင်အိမ်တော်ရဲ့ရှေ့တံခါးပေါက်မှာတော့... လူတစ်ယောက်ခေါက်တုတ်ခေါက်ပြန်လျှောက်နေလေတယ်....ထိုသူကအီကျီအဖြူရောင်နဲ့အပြာရောင် တွဲဆက်ထားတဲ့အီကျီလေးကိုဝတ်ဆင်ထားတယ်...ဆံပင်ကလည်း အဖြူရောင် နှဖူးပေါ်မှာ အမှတ်လေးတောင်ရှိနေတယ်...

မျက်တောင်လေးကလည်း ကော့စင်းပြီး မျက်ဝန်းရောင်ကလည်း အညိုရောင်လေး မျက်လုံးလေးကမှေးဆင်းနေကာ ကြည့်ကောင်းလှတယ်..ချောမောခန့်ညားလှတဲ့ မျက်နှာအစိတ်အပိုင်း တစ်ခုဆီရှိလေတယ်..
အသားရည်ကလည်း နှင်းလိုဖြူစွတ်နေတယ်...

နှခမ်းလေးကလည်း ဆိုးဆေးတွေမသုံးထားပဲနဲ့တောင် နီနေလေတယ်...ထိုကောင်လေးဟာ တံခါးမကြီးရှေ့မှာ ဟိုဘက်သွားလိုက် သည်ဘက်သွားလိုက်နဲ့ တစ်ယောက်ထဲအလုပ့်ကို ရှုပ့်နေလေတယ်..အစေခံတွေကလည်း သူတို့ရဲ့သခင်လေးကိုကြည့်ပြီး ခေါင်းတောင်မူးတယ်...

အစေခံတွေရဲ့အရှေ့မှာ အသက်၄၀ ကျော်လူကြီးတစ်ယောက်လည်း ရှိလေတယ်..ထိုသူကတော့ ခေါင်းမူးလာတဲ့အတွက်ကြောင့် နားးထင်ကို လက်နဲ့ပွတ်ကာ ခေါင်းမူး​ပြေအောင်လုပ့်နေပေမဲ့ ..သူသည်းမခံနိုင်တော့ပဲ ....

" ရှောင်ဟန်ရေ သားငြိမ်ငြိမ်လေးနေလို့ရမလား...အဖေခေါင်းမူးနေပြီ...."

တစ်ယောက်ထဲ ဟိုဘက်လျောက်လိုက်သည်ဘက်လျောက်လိုက်နဲ့ လုပ့်နေတဲ့တစ်ယောက်ကတော့ ဇာတ်လိုက်ရှောင်ဟန်ရင်း ပဲဖြစ်တယ်...အော်လိုက်တဲ့သူကတော့ ဇာတ်လိုက်ရဲ့အဖေ ရှောင်ရှန်းရန်ဖြစ်တယ်....သူ့သားငယ်ကိုစိတ်ပူရတာတစ်မျိုး.. သူရှေ့မှာမျက်စိနောက်အောင် လမ်းလျောက်နေတဲ့ သူကိုကြည့်နေရတာ တစ်မျိုးနဲ မျက်စိကိုနောက်နေတာပဲ...

" အဖေ ညီလေးဘာလို့မလာသေးတာလည်း....သူတစ်ခုခုများ​ဖြစ်နေလားမသိဘူး....ကျွန်တော်သွားရှာကြည့်ရင်ကောင်းမယ်ထင်တယ်....."

" စိတ်ကိုအေးအေးထား...သားငယ်လေးက အမြဲတမ်းအပြင်ကို ခိုးထွက်နေကြလေ..သူဘာမှမဖြစ်လောက်ပါဘူး....."
သူပြောပြီး အရှေ့ကိုလှမ်းကြည့်လိုက်တော့ သူ့သားငယ်လေးရှောင်ပိုင်ကို လည်းမြင်ရော

Arc-6( ရှောင်ပိုင်)Where stories live. Discover now