Arc-6.8

4.4K 375 24
                                    

မီးထွန်းပွဲတော်ကို နောက်ဆုံးတော့ရောက်လာခဲ့ပြီ...ရှောင်ပိုင်ဝတ်ဖို့အတွက်ထုတ်ပေးထားတဲ့ အီကျီလေးကိုကြည့်ပြီးသဘောတွေကျနေလေတယ်...ဘာကြောင့်လည်းဆိုတော့ ၅လေးရဲ့အကူညီနဲ့ ဒီနေ့ညသူ့ချစ်သူဝတ်မဲ့ အီကျီအရောင်လေးရော ပုံစံလေးကိုရောမေးထားတယ်...ထူးဆန်းတယ်သိလားအရင်ကဆိုရင်..တစ်ခုခုခိုင်းမယ်ဆိုရင်..point ပေးရတယ်....ဒါပေမဲ့အခုတော့...ထားပါ...

သူဝတ်မဲ့အဝတ်စားလေးက သိပ့်တော့မထူးခြားပါဘူး..အရင်ရှောင်ပိုင်ကအနီလေးကြိုက်တယ်မှတ်လား..သူ့အကြောင်းကိုမင်းကြီးစုံစမ်းထားတယ်နဲ့တူတယ်....အနီရောင်အီကျီကိုဝတ်ဆင်ထားတယ်တဲ့...သူလည်းအနီရောင်လေးဝတ်ရတာပေါ့....

သူဝတ်ဆင်ဖို့အတွက် အစေခံလေးတွေက ကူညီပေးကြတယ်...သူဝတ်စားလည်းဝတ်ပြီးရော သူ့မျက်နှာကိုလိမ်းချယ်ပေးကြတယ်..ဒါပေမဲ့သူက မျက်နှာလိမ်းချယ်ရတာ သဘော်မကျတဲ့အတွက်ကြောင့် ဘာမှမလိမ်းပဲ ထွက်ခဲ့လိုက်တယ်...သူရဲ့ပုံစံလေးကရိုးရိုးရှင်းရှင်းလေး ဆိုပေမဲ့မြင်သူတိုင်း ငေးမောကြည့်ရလောက်အောင်လှတယ်...

သူအိမ်တော်အပြင်ရောက်တော့ ဇာတ်လိုက်ကအိမ်တော် အပြင်မှာရပ့်နေတယ်...သူ့ကိုကြည့်ရတာတစ်ခုခုဖြစ်နေသလိုပဲ... ဇာတ်လိုက်လို့မပြောရဘူး...လမ်းသွားလမ်းလာလေးတွေက ကြည့်နေကြတယ်...သူကအပြာရောင်တော်တော်ကြိုက်တယ်နဲ့တူတယ်....

သူဇာတ်လိုက်ရှေ့ကိုလည်း ရောက်ရောဇာတ်လိုက်ကိုခေါ်ပေမဲ့ ဟိုဘက်က တုတ်တုတ်တောင်မလှုပ့်ဘူး ရပ်နေတယ်..ကြွေပြားပေါ်ကိုစိုက်ကြည့်နေတယ်...သူလည်းဇာတ်လိုက်ကြည့်တဲ့အတိုင်း ကြည့်လိုက်တော့ဘာမှမရှိပါဘူး...

" အကို...အကိုရေ....အကို...!!!!..."

" အေး...ဘာ..ဘာဖြစ်တာလည်း..ညီလေး...."

" အကို ကျွန်တော်အကိုကိုခေါ်နေတာ..တော်တော်ကြာပြီ ဘာတွေကြည့်နေတာလည်း နေမကောင်းဘူးလား..."

" ကောင်း...ကောင်းပါတယ်...ဟဲဟဲ....သွားကြရအောင်..."
ဆိုပြီး အရှေ့ကနေထွက်သွားတယ်...သူ့ကိုတောင်မခေါ်ပဲ...သူပုံစံကြည့်ရတာ တစ်ခုခုရှက်နေသလိုပဲ....သူလည်းသူ့အကိုနောက်ကို ပြေးလိုက်သွားလေတယ်....

Arc-6( ရှောင်ပိုင်)Where stories live. Discover now