Arc-6.6

4.6K 389 28
                                    

ယွမ်လိန်မိန်သူ့ဆီလျှောက်လာတဲ့ ရှောင်ပိုင်ဆိုတဲ့သူကြောင့် အနောက်ကိုဆုတ်မိတယ်...သူ့ကိုကြည့်နေတဲ့အကြည့်ကကြောက်ဖို့ကောင်းတယ်..မျက်နှာကပြုံးရောင်သန်းနေပေမဲ့ မျက်လုံးကတော့အနွာရာယ်ရှိတယ်...
ရှောင်ပိုင်ကတော့ Tv ကားတွေထဲကလို ခပ်မိုက်မိုက်ပုံစံလေးကို ဖမ်းပြီး..ရပ်လိုက်တယ်..

" ယွမ်မိန်းကလေးက ကျွန်တော်ကိုပြောတယ်မှတ်လား...မင်းကြီးနဲ့ယွမ်မိန်းကလေးနဲ့ ဘာမှမဆိုင်ဘူးလို့..."

" မှန်..မှန်တယ်လေ..ငါ..ငါမင်းကြီးနဲ့မပတ်သတ်ဘူး..."

" အဲ့ဒါဆိုရင် ဘာလို့မင်းကြီးကို အရိုအသေမပေးတာလည်း....."

ရှောင်ပိုင်အဲ့လိုပြောတော့ ကျန်တဲ့သူတွေက အခုချိန်ထိမင်းကြီးကို ယွမ်မိန်းကလေးအရိုအသေမပေးသေးတာကို သတိထားမိသွားကြတယ်....မင်းကြီးကိုလည်း သူငယ်ချင်းလိုပေါင်းသင်းသေးတယ်...

ယွမ်လိန်မိန် ဘာမှမပြောနိုင်တော့ဘူး...သူမကအမြဲတမ်းမင်းကြီးကို အရိုအသေမပေးနေကြ..မင်းကြီးကလည်း ဘာမှမပြောတော့သူမက မင်းကြီးကို ဂရုမစိုက်ပဲနေနေကြဆိုတော့...

" မင်းကြီးနဲ့ ငါကသူငယ်ချင်းလေ..အဲ့တော့အရိုအသေမပေးလည်းရတယ်..."

" အို...မင်းပြောတာမင်းက မင်းကြီးနဲ့သူငယ်ချင်းမို့လို့ အရိုအသေမပေးတာပေါ့..."

" ဟုတ်တယ်..."

" အဲ့ဒါဆိုရင် ကျွန်တော်မေးစရာရှိတယ်...စစ်သူကြီးယန်မန်ချင်း...ကျွန်တော်မေးခွန်းလေး နည်းနည်းလောက်မေးလို့ရမလား...."

ယန်မန်ချင်းကသူ့ဘာသာ အရှေ့ကပြဇာတ်ကိုကြည့်နေတုန်း..သူ့ရဲ့နာမည်ကိုခေါ်လိုက်တဲ့ အတွက်ကြောင့် ကြောင်အသွားပြီး..ရှောင်ပိုင်ဆိုတဲ့ကောလေးကို ကြည့်မိလိုက်တယ်..သူကြည့်မိနေတုန်း ချမ်းစိတ်စိတ်ဖြစ်လာပြီး...အေးနေသလိုလည်းခံစားရတယ်..အခုရာသိဥတုကပူတာပါ..ဘာလို့ငါအေးနေသလိုခံစားရတာလည်း....

သူ့ရဲ့ဘယ်ဘက်ချမ်းကပိုအေးနေတဲ့ အတွက်ကြောင့်ဘေးကိုကြည့်လိုက်တော့...သူ့ကိုမျက်ထောင့်နီနဲ့ ကြည့်နေတယ်..သူ့သူငယ်ချင်းက..
သူ့ကိုအဲ့လိုဘယ်တုန်းကမှ ကြည့်တာမဟုတ်ဘူး..အခုဘာကြောင့်ကြည့်နေတာလည်း...မဟုတ်မှ ရှောင်ပိုင်ကြောင့်လား...အဲ့ဒါဆိုရင်လည်း..ငါလည်းဝင်ကစားပေးရတာပေါ့..အဟန့်....

Arc-6( ရှောင်ပိုင်)Where stories live. Discover now