လမ်းသွားလမ်းလာသူတွေကတော့ နေရာတစ်နေရာကို ကြည့်ပြီးရယ်နေကြတယ်...
ဘတ်စကားဂိတ်မှာ စောင့်နေတဲ့သူတွေကြားထဲက ကောင်လေးနှစ်ယောက်ဟာ ပတ်ဝန်းကျင်ကိုမှအားမနာ သတ်ပုတ်နေကြတယ်...ဆံပင်ဆောင့်ဆွဲလိုက် ပါးဆွဲလိုက်နဲ့.. သူတို့နှစ်ယောက်က ကလေးတစ်ယောက်လို ရုပ့်မျိုးလေးဆိုတော့ အကုန်လုံးဟာ အသဲယားနေကြသည်။သူတို့နှစ်ယောက်ကို ဓာတ်ပုံရိုက်နေတဲ့သူနှစ်ယောက်ရှိတယ်...သူတို့နှစ်ယောက်ရဲ့ဘေးနားက ချောမော်လှတဲ့ကောင်လေးနှစ်ယောက်ရှိတယ် သူတို့နှစ်ယောက်က ဖုန်းကိုယ်ဆီထုတ်ပြီး သူတို့သူငယ်ချင်းနှစ်ယောက်ရဲ့ ပုံကိုရိုက်နေကြတာပါ..သတ်နေတဲ့နှစ်ယောက်က ကျော်ဇေထက်နဲ့ မှန်ကြောင်လေးဖြစ်ပြီး.. ပုံရိုက်နေတဲ့ နှစ်ယောက်ကတော့ သန့်ဇင်ထူးနဲ့ ထွန်းလမင်းတိုဖြစ်တယ်...
သူတို့သူငယ်ချင်းနှစ်ယောက်ရဲ့ပုံကိုရိုက်.....ဒီလိုပြောတာမှားသွားတယ်...သူတို့ရဲ့သက်ဆိုင်သူလေးကိုသာ ရိုက်ကြတာလို့ပြောရင် မှန်ကောင်းမှန်လိမ့်မယ်...ဘတ်စကားလာမှသာ သူတို့နှစ်ယောက်သတ်နေတာကနေ လွတ်ကြတယ်..ဒါပေမဲ့...
" နောက်တစ်ခါကြရင်..ငါမင်းကိုအလွတ်ပေးမှာမဟုတ်ဘူး...."
မှန်ကြောင်လေးကပြောလိုက်တယ်..." ကြည့်နေလိုက်ပါ...ငါနောက်တစ်ခါကို ထက်လုပ့်ပြမှာ....."
ကျော်ဇေကထက်ရန်စလိုက်တယ်....ပြီးတော့ဘတ်စကားပေါ်ကို တက်ကာနောက်ဆုံးခုန်လေးမှာ သွားထိုင်တယ်...ကျော်ဇေနဲ့အတူ သန့်ဇင်ကအတူတူထိုင်ပေးတယ်....မှန်ကြောင်လေးနဲ့ ထွန်းလမင်းနဲ့က အတူတူနှစ်ယောက်ခုန်မှာထိုင်တယ်...သူထိုင်တာငြိမ်ငြိမ်မထိုင်ဘူး...ကျော်ဇေကိုမျက်ထောင့်နီနဲ့ စိုက်ကြည့်နေလိုက်တယ်...ကျော်ဇေကတော့ လျာထုတ်ပြကာပြောင်ပြလေတယ်....အသံတိုးတိုးနဲ့ သနားလိုက်တာဆိုပြီး...စနေသည်။ မှန်ကြောင်ကအဲ့ဒါလည်း ကြားရောကျော်ဇေဆီ သွားဖို့ပြင်လိုက်ပေမဲ့ ထွန်းလမင်းကတားနေရတယ်...
စိတ်လျော့ဖို့လည်း ပြောနေလေတယ်....ကျော်ဇေကတော့ သူ့သူငယ်ချင်းဖြစ်နေတဲ့ ပုံကို သဘောကျစွာ ရယ်မော်နေတယ်...ကျော်ဇေရယ်မော်နေတာကို ဘေးနားကနေငေးကြည့်နေတဲ့သူတစ်ယောက်ရှိတယ်...ဘာကြောင့်မှန်ကြောင်လေး ဒေါသထွက်နေတာလည်းဆိုတော့..မှန်ကြောင်လေးကြိုက်နေတဲ့ မိန်းကလေးကို ကျော်ဇေကသွားပြီး...မှန်ကြောင်လေးရဲ့မကောင်းကြောင်းကို ပြောပြလိုက်တာ..မှန်ကြောင်ရဲ့အကျင့်ဆိုးလေးတွေကိုပေါ့....
YOU ARE READING
Arc-6( ရှောင်ပိုင်)
Romantiekကိုယ့်ရဲ့ အကောင့်ထဲမှာ ကျန်တဲ့ Arcတွေရှိပါတယ်နော်..😛😛 နာမည်အရင်းက ကျော်ဇေထက် လူမှားခံရပြီး ဓားထိုးခံရတဲ့အတွက် system ထဲရောက်သွားတာပါ...system ကြောင့်ဂေးသွားတာပါ...သူကိုယ်တိုင်ကလည်း ဂေးချင်နေတော့ အတော်ပဲ ဖြစ်သွားတာပေါ့..😂😂