Arc-6.7

4.7K 400 50
                                    

ယန်စစ်သူကြီးကတော့ သူ့သူငယ်ချင်းကိုတစ်ချက်ကြည့်ပြီး...

" မင်းနောင်တမရဖို့မျှော်လင့်တယ်...."
လို့ပြောပြီး လှည့်ထွက်သွားတယ်...ဇာတ်လိုက်မကယန်စစ်သူကြီးသူမဘက်ကိုလှည့်ကြည့်လာရင် ပြုံးပြဖို့အတွက်ပြင်ဆင်ထားပေမဲ့ တစ်ချက်လေးတောင်လှည့်မကြည့်ဘူး..သူမရဲ့အပြုံးကတောင့်တင်းသွားတယ်...

သူမ မင်းကြီးဘက်ကိုလှည့်လိုက်ပြီး...မင်းကြီးကိုပြုံးပြကာ....

" မင်းကြီး ကျွန်တော်မျိုးမစဉ်းစားပြီးပြီ..မင်းကြီးအရင်ကလေ ကျွန်တော်မျိုးမကိုလက်ထက်မယ်လို့​ပြောတဲ့ ကိစ္စကိုလေ..ကျွန်မသဘောတူ....."

" ပါးစပ်ပိတ်ထားစမ်း....."
သူ့ရဲ့အရှေ့မှာရှက်နေတဲ့ ပုံစံနဲ့လာပြောနေတဲ့ သူကြောင့်ဒေါသထွက်လာပြီး..ပိတ်ဟောက်လိုက်တယ်...
ဇာတ်လိုက်မကတော့သူ့ကို ထအော်လိုက်တဲ့သူကြောင့်..ကြောင်အသွားပြီး..မျက်ရည်လေးဝဲတက်လာပြီး..ငိုချင်နေတဲ့အသံနဲ့.....

" မင်းကြီး...ဟင့်..ဘာဖြစ်လို့လဲ..ကျွန်တော်မျိုးမကိုချစ်တယ်..အဟင့်..ဆိုပြီးတော့..."

" မင်းပါးစပ်ကိုပိတ်ထားလို့ ငါပြောနေတယ်မဟုတ်ဘူးလား....."

သူဒေါသတွေပိုထွက်လာပြီး ဇာတ်လိုက်မရဲ့လည်ပင်းကို ညှစ်လိုက်တယ်.. ဇာတ်လိုက်မအသက်တောင်မရူနိုင်တော့လို့..မင်းကြီးကိုသနားခံပေမဲ့ တုတ်တုတ်တောင်မလှုပ့်ဘူး.. ညှစ်တဲ့အားကိုတောင်ပိုထည့်လိုက်တယ်...ခဏနေတော့ သူ့ရဲ့လက်ကိုပြန်ရုတ်သိမ်းလိုက်တဲ့ အချိန်မှာ ဇာတ်လိုက်မဒူးထောက်ကျသွားပြီး..ချောင်းတောင်ဆိုးနေတယ်....

သူမ မင်းကြီးကိုမော့ကြည့်လိုက်တော့... သူ့ကိုမျက်ထောင့်နီနဲ့ စိုက်ကြည့်နေတယ်..သူမကိုတစ်ခါမှအဲ့လိုမကြည့်ဘူးဖူး..သူမကြောက်ရွံမိပြီး..ခေါင်းငုတ်မိလိုက်တယ်....

" မင်းကငါကိုယ်တော်နဲ့ ဘာမှမသတ်ဆိုင်တဲ့သူ..ကိုယ့်နေရာကိုသိ..မင်းကငါ့ကိုယ်တော်နဲ့ အမျိုးတော်ဆက်တာ ကံကောင်းသွားတယ်..မဟုတ်ရင်မင်းအခု သေလူပဲ....ကြားလား....."

" ကြား...ကြားပါတယ်....မင်း..မင်းကြီး..."

သူ့လက်အီကျီစလေးကို ခါထုတ်ကာပန်းခြံလေးထဲကနေ ထွက်သွားလေတယ်...ကျန်နေခဲ့တဲ့ ဇာတ်လိုက်မကတော့ ဘယ်ကနေစမှားနေမှန်း သူမသိပေ..ဒါတွေအကုန်လုံးက ရှောင်ပိုင်ဆိုတဲ့ ကောင်ကြောင့်ပဲ.. သူကငါ့ဆီကနေမင်းကြီးကိုတောင် လုယူသွားတယ်...

Arc-6( ရှောင်ပိုင်)Where stories live. Discover now