Arc-6.13

4.1K 367 10
                                    

" အို...မင်းကိုငါကိုယ်တော်က ဘာအကြောင်းပြချက်ပေးရမှာလည်း..."

တကယ်တော့အမတ်ချုပ့်ကြီးကို စကားမပြောချင်ပေမဲ့ သူ့ရဲ့ချစ်လေး မနေ့ညကပြောခဲ့တာကို သတိရသွားတဲ့အတွက်ကြောင့်သာ စကားပြောတာ မဟုတ်ရင်အဖက်ကိုလုပ့်မှာမဟုတ်ဘူး...ရှောင်ပိုင်ပုံစံလေးကလည်း အမတ်ချုပ့်ကြရဲ့ စကားကိုကြားတော့စိတ်ဝင်စားနေတဲ့ ပုံပဲ ကိုယ်ကလည်းဝင်ကူရတာပေါ့.....

မင်းကြီးမေးလိုက်တဲ့စကားဟာ ညီလာခံမှာရှိတဲ့သူတွေအပေါ် အမည်မသိဖိအားတစ်ခုရောက်သွားတယ်...အကုန်လုံးကကြောက်ရွံ့ကာ ဒူးတောင်တုန်တက်ကြတယ်...အကုန်လုံးကလည်း မင်းကြီးကိုအတင့်ရဲပြီး မေးခွန်းမေးလိုက်တဲ့ အမတ်ချုပ့်ကြီးကို စိတ်ထဲကနေ မေတ္တာပို့သကြသည် ။

အမတ်ချုပ့်ကြီးကသူမေးတဲ့မေးခွန်း တစ်ခြား
အဓိပ္ပာယ်သက်ရောက်သွားတော့...ပြာပြာသလဲ ပြန်ရှင်းပြလေတယ်...

" မင်းကြီးအထင်လွှဲနေပါပြီ...ကျွန်တော်မျိုးပြောချင်တာက..တိုင်ပြည်မိခင်နေရာကို မင်းကြီးနဲ့သင့်တော်မဲ့သူ ထားသင့်ကြောင်းပါ..."

သူစကားလမ်းကြောင်းကို လွှဲလိုက်ပြီး တိုင်းပြည်မိခင်နေရာအကြောင်းကို ဆွပေးလိုက်တယ်...အဲ့အခါကြမှ ကျန်တဲ့သူတွေက မင်းကြီးလက်ထက်ဖို့တိုက်တွန်းနေကြလေတယ်...

" အို....အမတ်တို့တောင် ငါကိုယ်တော်ဒီအကြောင်းမပြောရင်တောင်မှ ငါကိုယ်တော်တိုင်းပြည်ရဲ့ သင့်တော်လှတဲ့တိုင်းပြည်မိခင်နေရာကို ပေးမဲ့သူရှိပြီ...."

မင်းကြီးအဲ့လိုပြောလိုက်တော့ အမတ်တွေအကုန်လုံး လှုပ့်လှုပ့်ရွရွဖြစ်သွားကြတယ်..မင်းကြီးလက်ထက်မဲ့သူကိုလည်းသိချင်ကြတယ် ဘေးနားကကောလေးဟာလည်း ဘယ်သူ့ရဲ့သားလည်းဆိုတာသိချင်နေကြတယ်..အမတ်ချုပ့်ကြကတော့ မျှော်လင့်ချက်လေးနည်းနည်းတောင်မရှိတော့ဘူး.

ဘာလို့လဲဆိုတော့ မင်းကြီးကဘေးနားက ကောလေးကိုလက်ကိုင်ထားပြီး ပြုံးပြလိုက်တဲ့အတွက်ကြောင့်ပဲ...ခဏနေတော့...

" မောင်မင်းတို့သိချင်ကြပြီထင်တယ်...ငါကိုယ်တော်ရဲ့တိုင်းပြည်မိခင်နေရာကို ဟော့ဒီက ရှောင်အမတ်ရဲ့သားတော် ရှောင်ပိုင်လေးကိုသာ တိုင်းပြည်မိခင်နေရာပေးမှာ....."

Arc-6( ရှောင်ပိုင်)Where stories live. Discover now