ကျွန်တော်နိုးလာတော့ ကိုင်ပေါက်ခံရသလိုပဲ နာကျင်မူ့ကြောင့် ညည်းမိလိုက်တယ်...ပြီးတော့ မျက်လုံးဖွင့်ကာ ဘေးပတ်ဝန်းကျင်ကိုကြည့်လိုက်တော့ သူ့ရဲ့အခန်းမဟုတ်ဘူးဆိုတာ သိလိုက်ရတယ်...ဒီအခန်းကသူ့အခန်းထက် ၃ဆလောက်ကြီးတယ်...သူဘေးပတ်ဝန်းကျင်ကို လေ့လာနေတုန်း.....
ကလေးငိုသံကြားလိုက်ရတယ်..အသံလာရာကိုကြည့်လိုက်တော့ သူ့ရဲ့ဘေးနားမှာ ကလေးလေးတစ်ယောက် ဘယ်သူ့ကလေးလည်းဟ... မွေးကင်းစလေးပဲ.. သူ့ရဲ့လက်တွေက ကလေးကိုအရမ်းချီချင်နေမိတယ်..ဘာကြောင့်လည်းတော့မသိဘူး...အတွေးနဲ့လက်တွေ့က အတူတူပဲ...
အဲ့ကလေးကို မချီနိုင်ပေမဲ့ ကလေးရဲ့ပါနုလေးကို သူ့လက်လေးနဲ့ တို့ထိမိတယ်..နုနေတာပဲ ကလေးအသားရေက ဘယ်သူ့ကလေးလည်း မသိဘူး အရမ်းချစ်ဖို့ကောင်းတယ်..ငါ့ကလေးသာဖြစ်လိုက်ရင် ဘယ်လောက်ကောင်းမလဲ...
" ကိုယ့်ရဲချစ်လေး နိုးလာပြီပဲ....."
သူကလေးရဲ့အကြောင်းတွေးနေတုန်း....
အသံတစ်သံကြားလိုက်ရတဲ့ အတွက် လာရာကိုကြည့်လိုက်တော့ နဂါးဝတ်စုံ ဒါ...ဒါ..မင်းကြီးတွေဝတ်တဲ့ ဝတ်စုံပဲ အဲ့ဒါဆိုသူကမင်းကြီးပေါ့...ဒီကလေးက သူ့ကလေး..ခုနကငါ့ကို ချစ်လေးလို့ခေါ်လိုက်တယ်....ငါက...သူ့..သူ့မိန်းမလား....ဘာ..ဘာတွေဖြစ်ကုန်တာလည်း..အား....ခေါင်းကိုက်လိုက်တာ...ဒါတွေကဘာတွေ....သူတွေးလို့မဆုံးသေး..ခေါင်းထဲကိုဝင်လာတဲ့ မှတ်ညဏ်တွေကြောင့် သူမေ့လဲသွားလေတယ်...သူမေ့မလဲခင် သူ့ကိုစိုးရိမ်ကြီးစွာနဲ့ အော်နေတာကိုကြားလိုက်ရတယ်...
သူမျက်လုံးဖွင့်လိုက်တော့ ပန်းခင်းထဲမှာ သူအမြဲတမ်းခိုးလာနေကြပန်းခင်းလေး...သူမှတ်မိပြီး လူသတ်သမားနှစ်ယောက် ရောက်လာပြီး သူ့ကိုသတ်ခဲ့တာ ဒီနေရာမှာ သူဘယ်သူ့ကိုမှ အနိုင်မကျင့်ဘူးဖူး..အဲ့ဒါကို ဘယ်သူခိုင်းသတ်တာလည်း စဥ်းစားလို့မရခဲ့ဘူး....
သူအခုဘာလုပ့်ရမှာလည်း...အသံကြားလို့ သူမထပဲ နေမလို့လုပ့်ပေမဲ့ သူ့ရဲ့ကိုယ်က သူ့စကားနားမထောင်ပဲ ထပြီးအသံလာရာကိုသွားလေတယ်....သူဘာကြောင့် မထချင်တာလည်း ဆိုတော့အရင်ကလည်း အသံကြားလို့ထကြည့်မိလိုက်တာ နောက်ဆုံးတော့သေသွားရတာပဲ....
YOU ARE READING
Arc-6( ရှောင်ပိုင်)
Romanceကိုယ့်ရဲ့ အကောင့်ထဲမှာ ကျန်တဲ့ Arcတွေရှိပါတယ်နော်..😛😛 နာမည်အရင်းက ကျော်ဇေထက် လူမှားခံရပြီး ဓားထိုးခံရတဲ့အတွက် system ထဲရောက်သွားတာပါ...system ကြောင့်ဂေးသွားတာပါ...သူကိုယ်တိုင်ကလည်း ဂေးချင်နေတော့ အတော်ပဲ ဖြစ်သွားတာပေါ့..😂😂