🏡 Home 🏡
Part-2 (Unicode+Zawgyi)
Ji Yong ခြေသံကိုဖွဖွနင်း၍ လှေကားကနေတက်လာကာ အတတ်နိုင်ဆုံးအသံမမြည်အောင် သတိထားပြီး တံခါးလက်ကိုင်ကို အသာလှည့်ဖွင့်လိုက်ရတယ်
ထို့နောက်တော့ အခန်းထဲကို ခေါင်းအရင်ထည့်ပြီး ချောင်းကြည့်လိုက်တယ်
ကုတင်ပေါ်မှာတော့ Ri ရော ကလေး ၂ ယောက်ပါ အိပ်ပျော်နေကြလေပြီ
ရင်ဘတ်ကိုအသာဖိရင်း အခန်းထဲကို လူတစ်ကိုယ်လုံးဝင်လိုက်ပြီး တံခါးကိုအသာလေး ပြန်စေ့ပိတ်လိုက်တယ်
* ဘယ်လိုအခြေအနေကြီးလည်းကွာ . . . ကိုယ့်အိမ် ကိုယ် ပြန်တာတောင် သူခိုးလိုလို ဘာလိုလို *
အိမ်ထောင်ကျပြီးကတည်းက ကလေးတွေရပြီးကတည်းက Ji အိမ်ပြန်နောက်မကျတာ ကြာပြီ
ဒီနေ့က မိတ်ဆုံစားပွဲရှိတာမို့ အလုပ်ကအပြန်တန်းသွားလိုက်ရတယ်
Ri ဆီက ခွင့်တောင်းထားပြီးသား ဒီနေ့သွားဖို့ကို
ဒါပေမယ့် ဒီလောက်နောက်ကျသွားမယ်လို့ မထင်ထားမိတာအမှန်
Party တွေမတက်ရတာလည်းကြာပြီမို့ မိတ်ဟောင်းဆွေဟောင်းတွေနဲ့လည်း ပြန်တွေ့ရတော့ သောက်ရင်း စားရင်း စကားတွေဖောင်ဖွဲ့ရင်း နာရီကြည့်မိတော့ ၁၁ နာရီထိုးနေပြီ
Silent လုပ်ထားခဲ့တဲ့ အိတ်ထဲကဖုန်းကို အလန့်တကြားထုတ်ကြည့်မိတယ် Missed Call တွေ ဘယ်နှကြိမ်လောက် ဝင်နေမလဲလို့
ထူးဆန်းစွာပင် Ri ဖုန်းခေါ်ထားတာမရှိ
သို့ပေမယ့်လို့ မိတ်ဆွေတွေကို နှုတ်ဆက်ပြီး ခပ်မြန်မြန်ထထွက်လာခဲ့တော့တယ် ဒါတောင်အိမ်ရောက်တော့ ၁၁ ခွဲနေပြီ
ကုတင်နားကို အသာတိုးကပ်သွားလိုက်ရင်း အိပ်ပျော်နေတဲ့ သားအဖ ၃ ယောက်ကို မြတ်မြတ်နိုးနိုးလေး ငုံ့ကြည့်မိတယ်
Ri က ပင်ပန်းရှာလို့နေမယ် အိပ်ပျော်နေတာ ပါးစပ်လေးဟပြီး ဟောက်သံလေးတွေတောင် ထွက်နေပြီ
သားနဲ့သမီးကတော့ Ri ရဲ့ တစ်ဖက်တစ်ချက်ဆီမှာ ခြေကားယား လက်ကားယားနဲ့ နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်လို့