🏡 Home 🏡 (Part-24) U+Z

467 28 4
                                    

🏡 Home 🏡

Part-24 (Unicode+Zawgyi)

ဒီနေနဲ့ဆို Ri သူ့မိဘတွေအိမ်ကိုပြန်သွားတာ တစ်ပတ်ပင်ရှိပြီဖြစ်၏။ သားလေးဆေးရုံမှဆင်းရသည့်နေ့က တည်းက Ri က အဝတ်အစားတွေအပြည့်ထည့်ပြီး ဆင်းသွားခဲ့တာ။ ဆေးရုံမှာတုန်းကလည်း သားရှေ့မှာမို့ မေးထူးခေါ်ပြောလုပ်ရုံလောက်ကလွဲရင် သူ့ကိုဘာစ ကားတစ်ခွန်းမှ အပိုမပြောခဲ့ဘူးလေ။ ပြီးတော့ ဆေးရုံကသီးသန့်လူနာအခန်း တစ်ခန်းထဲမှာ အတူတူရှိနေကြပေမယ့် သူ့ကိုမရှိသလိုပဲဆက်ဆံခဲ့တာဖြစ်သည်။ အိမ်ပြန်ရောက်တော့လည်း -

'ကျွန်တော် အိမ်ပြန်ဦးမယ်'

'ဘာလို့လဲ Ri၊ ဒီမှာပဲနေပါကွာ၊ ဒါက Ri အိမ်ပဲလေ'

'ဒီတစ်လလုံးလုံး ကျွန်တော်ပင်ပန်းပြီးပြီ၊ အဲ့တော့ ကျွန်တော်တစ်လှည့်နားဦးမယ်၊ ကလေးတွေကို ခင်ဗျား နဲ့ စိတ်ချလက်ချထားခဲ့မယ်နော်'

'အင်းပါ Ri နားချင်တယ်ဆို အေးအေးဆေးဆေးအနား ယူပါ၊ ကလေးတွေကိုလည်း စိတ်ချပါ၊ ဒါပေမယ့် အကြာကြီးတော့ မနေပါနဲ့နော်၊ သားနဲ့သမီးက Ri မသိပ်ရင် ကောင်းကောင်းအိပ်တာ မဟုတ်ဘူးလေ'

'အင်း သားနဲ့သမီးကို ငဲ့ရင်းနဲ့ပဲ ကျွန်တော်သာအိမ်ထဲ ခြေချုပ်မိနေတာ၊ ခင်ဗျားကတော့ အပြင်မှာလူပျိုလုပ်လို့ ကောင်းနေခဲ့တာမလား၊ အခုတော့ ခင်ဗျားတစ်လှည့် ကလေးထိန်းပေါ့၊ နှစ်ယောက်စလုံးတူတူမွေးထားတာပဲ၊ ကျွန်တော်နဲ့တောင်နေရင် ခင်ဗျားနဲ့လည်းနေအောင် ထိန်းတတ်ရမှာပေါ့၊ ကျွန်တော်သွားပြီ၊ ကလေးတွေကို သေချာဂရုစိုက်ပါ'

ပြောချင်တာတွေပြောပြီး ထွက်သွားခဲ့တဲ့ Ri ကို သူ မတားနိုင်ခဲ့ဘူး။ ထိုနေ့ကတည်းက ကလေးနှစ်ယောက်နှင့် Company အလုပ်တစ်ဖက်နှင့် တစ်ယောက်တည်းပြာလောင်ခတ်နေရတော့မှပဲ Ri ကို ကိုယ်ချင်းစာမိတော့တယ်။ Ri တစ်ယောက် ဘယ်လောက်များပင်ပန်းခဲ့ရှာ မှာပါလိမ့်။ သားနှင့်သမီးက ကျန်သည့်အချိန်တွေဆို သူနှင့်နေပေမယ့် ညအိပ်ချိန်ရောက်လျှင်တော့ Ri ကိုသာတမေးမေးနဲ့ရယ်။

သူကပုံပြင်စာအုပ်တွေ ဖတ်ပြပေမယ့်လည်း သူတို့စိတ်တိုင်းမကျကြဘူး။ သူတို့ Papa Ri ကစာအုပ်ထဲပါတာရော၊ ပါးစပ်ထဲရှိတာတွေရော အကုန်ရောပေါင်းပြီး ပိုပြီးစိတ်ဝင်စားစရာကောင်းအောင်၊ ရယ်ရအောင်ပြောပြတတ်ပြီး သူက စာအုပ်ထဲကအတိုင်းသာဖတ်ပြတော့ -

Home (Completed)Where stories live. Discover now