🏡 Home 🏡 (Final Part) U+Z

1.1K 42 13
                                    

🏡 Home 🏡

Final Part (Unicode+Zawgyi)

အဆက်မပြတ်ဆဲဆိုနေသည့် နှုတ်ခမ်းလေးကိုကြည့်ပြီး သူအသဲတွေယားလာရသည်။ ဒီလောက်လှသည့် နှုတ် ခမ်းလေးနှင့်မှမလိုက် အဆဲကလည်းသန်လိုက်သည့်ဖြစ်ခြင်း။ သူထိုင်နေရာမှကိုယ်ကိုကြွပြီး Ri ရဲ့ ခေါင်းကိုဆွဲယူသိုင်းဖက်လိုက်ကာ ထိုနှုတ်ခမ်းရဲရဲလေးကို အတင်းဖိကပ်နမ်းချလိုက်တော့ သူ့ရင်ခွင်ထဲမှကောင်လေးက တွန်းဖယ်ရုန်းကန်လို့နေလေသည်။ ဒါပေမယ့် မရတော့ဘူးလေ။ သူ့ဘက်ကအလျှော့ပေးဖို့ လုံးဝကို စိတ်ကူးမရှိတာမို့။ ဒီနှုတ်ခမ်းလေးတွေ၊ ဒီကိုယ်သင်းနံ့လေးတွေ၊ ပြီးတော့ဒီကိုယ်လုံးအိထွေးထွေးလေးတွေကို သူဘယ် လောက်တောင်လွမ်းနေခဲ့ရသလဲ။

အထိအတွေ့တွေနဲ့ဝေးနေခဲ့ရတာကြာပြီမို့နဲ့တူပါရဲ့။ စစချင်းတုန်းက အတင်းတွန်းဖယ်နေခဲ့တဲ့ Ri ဟာ သူကလုံးဝမခွာတော့ပဲ နှုတ်ခမ်းသားလေးတွေကို ခပ်ကြမ်းကြမ်းနမ်းစုပ်ပေးနေတာနည်းနည်းကြာလာတော့ ပါးစပ်လေးကိုအလိုက်သင့် ဖွင့်ဟပေးလာတော့တယ်။ Ri ပါးစပ်ပွင့်လာတာနဲ့ သူ့လျှာကို Ri ပါးစပ်ထဲချက်ချင်းပဲထိုးထည့်လိုက်တော့ အယုတ်တမာလေးက ကိုက်ချလိုက်လေတော့၏။

'အ'

နာကျင်သွားရပေမယ့် လျှာကိုနောက်တစ်ခါအတင်းပြန်ထိုးထည့်လိုက်တော့ Ri က သူ့ရဲ့လျှာလေးနဲ့ပြန်တွန်းထုတ်နေလေရဲ့။ ထိုအပြုအမူလေးကိုက သူ့စိတ်တွေပိုကြွလာအောင် စနေသလိုပဲ။ သူ့လျှာကိုအတင်းတွန်းထုတ်နေတဲ့ Ri ရဲ့ လျှာလေးကို မိမိရပဲဖမ်းပြီးစုပ်ချလိုက်တော့ 'အွင့်' ကနဲတစ်ချက်အသံထွက်လာပြီး ကိုယ်လုံးလေးတောင် တုန်တက်သွားလေတယ်။ မင်းလဲ ကိုယ့်ကိုလွမ်းနေတယ်မလား Ri။ ဒါနဲ့များဘာလို့ ဒီလောက်နေနိုင်ရက်ရတာလဲကွာ။

နမ်းနေရင်းကနေ သူ့လက်တစ်ဖက်ကို Ri ရဲ့တင်ပါးလုံး လုံးလေးဆီကိုရွှေ့ယူလိုက်ပြီး ဖျစ်ညှစ်လိုက်မိတော့ Ri က သူ့ကိုလက်နှစ်ဖက်စလုံးသုံး၍ အားကုန်တွန်းဖယ်ပစ်လိုက်လေတယ်။

'ခင်ဗျား ဘယ်လိုဖြစ်နေလဲ၊ ကားပေါ်ကြီးမှာ'

'ကိုယ်အရမ်းလွမ်းနေတယ်လေကွာ Ri ကလည်း'

Home (Completed)Where stories live. Discover now