🏡 Home 🏡
Part-25 (Unicode+Zawgyi)
နေ့လည် Meeting တွင် ဆွေးနွေးရမည့်အချက်အလက်တွေကိုပြန်လည်စစ်ဆေးပြင်ဆင်နေစဉ် ရုံးခန်းထဲကို ပြာရိပြာယာပြေးဝင်လာသည့် တပည့်ကျော် June။
'ဆရာ . . ဆရာ၊ အပေါ်ကိုလိုက်ကြည့်ပါဦးဗျာ၊ မြန်မြန်လေး'
'ဘာလဲကွ မင်းဟာက အလန့်တကြားနဲ့'
'ကျွန်တော်နဲ့လိုက်ခဲ့ပါ ဆရာ၊ မြန်မြန်လေး အခုချက် ချင်းတက်ကြည့်မှဖြစ်မယ်'
'မင်းတို့ကောင်တွေ လုပ်လိုက်ရင် အလန့်တကြားချည်းပဲ၊ အခုရော ဘာတွေဖြစ်နေကြပြန်ပြီလဲ'
'ဆရာကိုယ်တိုင် မြင်လိုက်ရင် ရှင်းသွားလိမ့်မယ်ဆရာ'
သူ့ကိုဆွဲမခေါ်ရုံတမယ် အလောတကြီးလုပ်နေသည့် June ကြောင့် လုပ်လက်စအလုပ်ကိုထားခဲ့ပြီး June ခေါ်ဆောင်ရာ Company အဆောက်ဦး၏ ခေါင်မိုးထပ်ဆီသို့ အပြေးတပိုင်း လိုက်သွားလိုက်ရသည်။ တံခါးကိုတွန်းဖွင့်ပြီး အပြင်ထွက်လိုက်သည်နှင့် သူ့ဝန်ထမ်းတွေအားလုံးနီးပါး ထိုနေရာသို့ရောက်နေကြလေပြီး မိုးပေါ်ကိုတကြည့်တကြည့်နှင့်မို့ သူပါယောင်ပြီး ထိုလူတွေကြည့်နေရာသို့ လိုက်ကြည့်မိတော့၏။
သူလည်း ထိုလူအုပ်နားအရောက် အကုန်လုံးကသံပြိုင်သီဆိုလိုက်ကြသည့် မွေးနေ့ဆုတောင်းသီချင်းက ခပ်ကျယ်ကျယ်ထွက်လာတော့မှပင် ဒီနေ့က ဒီဇင်ဘာ၊ ၁၂ ရက်နေ့ဆိုတာကို သတိရသွားတော့တယ်။ မနက်ကတည်းက ဒီနေ့ပြုလုပ်မည့် အရေးကြီး Meeting အကြောင်းသာခေါင်းထဲမှာ ရှိနေခဲ့တာမို့ သူ့မွေးနေ့ကိုတောင် သူမေ့နေခဲ့တာပင်။ သူ့ရဲ့ဝန်ထမ်းတွေအားလုံးက သူ့ရဲ့မွေးနေ့ကိုသတိတရရှိပေးကြတာမို့ ကြည်နူးပီတိဂွမ်းဆီထိရတော့တာပေါ့။
'ကဲ အားလုံးကိုကျွန်တော်က ကျေးဇူးတင်ပါတယ်ဗျာ၊ ကျွန်တော့်မွေးနေ့ကို အခုလိုမှတ်မှတ်ရရရှိပေးကြလို့ အရမ်းဝမ်းသာမိပါတယ်'
'ဟိုး ဆရာ ဝမ်းမသာနဲ့ဦး၊ ဟိုးမှာ ကြည့်လိုက်ပါဦးဗျာ'
June လက်ညှိုးညွှန်ပြရာသို့ မော့ကြည့်လိုက်တော့ သူတို့ရှိသည့်နေရာမှ အပေါ်ဘက်ခပ်လှမ်းလှမ်းအမြင့်ပေတွင် အရှိန်အနည်းငယ်နှင့် ပျံသန်းပေးနေသည့် လေ ယာဉ်ငယ်လေးနှင့် ထိုလေယာဉ်အမြှီးပိုင်းမှာ ချိတ်ဆွဲထားသည့် Banner ပေါ်တွင် စာလုံးကြီးကြီးတွေနှင့်ရေးထားသည့် -