🏡 Home 🏡
Part-13 (Unicode+Zawgyi)
ကျောင်းဝန်းအဝင်မှာကတည်းက မြင်လိုက်ရတဲ့ လူ ၂ ယောက်ကြောင့် စောစောစီးစီးပဲ ကျက်သရေကတုံးသွားတော့တယ် . . ရှေ့ကစက်ဘီးနင်းလာတဲ့ Top Hyung နှင့် နောက်ကထိုင်စီးလာတဲ့ Daesung . . သူ့ကိုမြင်တော့ ၂ ယောက်လုံးက ရယ်ရယ်မောမော လက်လှမ်းပြကြတယ် . . စောက်ခွက်တွေ ပြောင်လိုက်ကြတာဆိုတာ . . နောက်က Daesung ဆိုသည့်ကောင်ဟာ လုံးဝကိုအပြစ်ကင်းစင် ကြည်လင်နေသည့်မျက်နှာနှင့်မို့ သူ့ကိုစိတ်ဆိုးနေမိတဲ့ ကိုယ်တောင်ပြန်အားနာသွားရတယ်
'Ji Yong Hyng . . Seungri ရော . . တူတူမလာကြဘူးလား'
'မင်းလင်သာ စောစောစီးစီး အိမ်ကပို့တဲ့ကားနဲ့ ကျောင်းလာပြီး မင်းဆီတစ်ခေါက် Bus ပြန်စီး ပြီးမှမင်းစက်ဘီးနဲ့ တူတူကျောင်းလာ အဲ့လိုအပိုတွေလုပ်တာ . . ငါတို့ကဘာလို့လုပ်ရမှာလဲ'
'အာ ဒါတော့ . . ကျွန်တော်တို့က ချစ်တာကိုးဗျ'
'ငါတို့ကပိုတောင်ချစ်သေးတယ် . . စောက်ပိုတွေလုပ်တာ ဝါသနာမပါလို့'
အမြင်ကပ်ကပ်နှင့် ပြောချင်တာတွေ ပြောခဲ့ပြီး ထို ၂ ယောက်ရှေ့က ထွက်ခဲ့လိုက်တယ် . . Seungri သာကြား ရင်တော့ ရန်လာတွေ့တော့မလားမသိ . . စာသင် ခန်းဆီလာရာလမ်းတစ်လျှောက် ကြည့်ကြသည့်မျက်လုံး တွေကိုတော့ လစ်လျှူရှုထားလိုက်တော့တယ် . . လိုက်လည်းမရှင်းပြနိုင်တော့ဘူးလေ . . Dara ကိုယ်တိုင်က တောင် Congratulations လာလုပ်သွားသည်ဆိုမှတော့ ဘယ်သူ့ကိုထပ်ပြီး ရှင်းပြစရာလိုဦးမှာလဲ . .
*ထင်ချင်သလိုသာ ထင်ကြပါစေတော့ . . ကိုယ်မဟုတ်ရင် ပြီးတာပဲပေါ့ . . နောက်ပြီး စာမေးပွဲကဖြေရတော့မှာ . . အဲ့တာပြီးတာနဲ့ ကိုယ်ကဒီကျောင်းမှာ ဆက်ရှိနေစရာမှ မလိုတော့တာ . . ခဏပဲသည်း ခံလိုက်ရင်ရပြီ*
စာသင်ခန်းထဲရောက်တော့ စာသင်ချိန်လိုသေးတာမို့ ဖုန်းထုတ်ပြီး Game ထိုင်ဆော့နေလိုက်တယ် . . မဟုတ်ရင် ဟိုမေးဒီမေးတွေလာလုပ်ကြမှာကို အာရုံနောက်လို့ . .
'Ji Yong . . မင်းကောင်လေး မင်းကိုလာရှာနေတယ် . . အခန်းရှေ့မှာ စောင့်နေတယ်'