🏡 Home 🏡
Part-5 (Unicode+Zawgyi)
အဲ့သည့်နေ့က . . . Seoul မြို့ရဲ့ ကောင်းကင်ဟာ တိမ်ကင်းစင်ကြည်လင်နေခဲ့တယ်
ရာသီဥတုနဲ့ ဆန့်ကျင်ဘက်ပဲ သူတို့ ၃ ယောက်ရဲ့ ခေါင်းတွေကတော့နောက်ကျိလို့နေတယ် မနက် စောစောစီးစီး ကျောင်းတက်ခါစပဲရှိသေး ကျောင်းအုပ်ကြီးရုံးခန်းကိုလာခဲ့ဖို့ အခေါ်ခံလိုက်ရတာမို့ လွယ်အိတ်တွေကို ခုံပေါ်ပစ်ချထားခဲ့ကြပြီး သူတို့ ၃ ယောက်သား စာသင်ခန်းထဲကနေ ထွက်လာခဲ့ကြတယ် တဆက်တည်း မနေ့ကမှ ပူပူနွေးနွေးဖြစ်ထားကြတဲ့ ရန်ပွဲကြောင့်ပဲ ဖြစ်ရမယ်ဆိုတာကို သိလိုက်တယ်
တခြားကျောင်းက ကောင်တွေက သူတို့ ကျောင်းက ကျောင်းသူကို ရိသဲ့သဲ့နဲ့ လာကြောင်နေကြတာမို့ စဖြစ်ကြသည့်ရန်ပွဲ အဲ့သည့်ကျောင်းသူကလည်း တခြားမဟုတ်ဘဲ သူ့ရဲ့ Crush လေးဖြစ်နေလေတော့ ဒီကောင်တွေအတွက် ပိုပြီးကံဆိုးဖို့ဖြစ်သွားခဲ့တော့တာပေါ့
တွေးနေရင်းနဲ့တောင်မှ ချစ်ရသူရဲ့ မျက်နှာလှလှဟာ သူ့အတွေးအာရုံထဲကို ၀င်ရောက်လို့လာလေတယ် နက်မှောင်နေတဲ့ ဆံပင်ရှည်ဖြောင့်ဖြောင့်စင်းစင်းလေးနဲ့ လိုက်ဖက်လှစွာ သေးသွယ်လှပတဲ့ ချစ်စဖွယ် မျက်နှာလေး၊ ထိုမျက်နှာလေးမှာ နှစ်လိုဖွယ် အပြုံးချိုချိုလေးကို အမြဲဆင်မြန်းထားတတ်တဲ့ သူတို့ကျောင်းရဲ့ The Whole Queen ဖြစ်သူ San Dara
Dara ရဲ့အလှဂုဏ်သတင်းဟာ တခြားကျောင်းတွေအထိပါ ပျံ့နှံ့ရောက်ရှိတာမို့ Dara ကိုလာရောက်ပိုးပန်းကြတဲ့ ကျောင်းသားတွေဟာလည်း မနည်းပေ ထို့ကြောင့် ထိုသကောင့်သားတွေနှင့် ဖြစ်ရတဲ့ရန်ပွဲတွေဟာလည်း မမြင်ချင်မှအဆုံးပင်
ကျောင်းအုပ်ကြီးရုံးခန်းကို သွားတဲ့လမ်းတလျှောက်မှာတော့ သူတို့ ၃ ယောက်ကို မသိမသာရော ပေါ်ပေါ် ထင်ထင်ပါ ကြည့်နေကြတဲ့ ကျောင်းသူတွေနဲ့ စည်ကားလို့နေလေတယ် စည်ကားရတဲ့ အကြောင်းရင်းကတော့ ကျောင်းရဲ့ The Whole King တစ်ယောက်လုံးပါနေတာမို့ပဲဖြစ်၏။
Top Hyung ကတော့သူ့ရဲ့ ထုံးစံအတိုင်း ခပ်ချေချေပင် ဘယ်သူ့ကိုမှ မကြည့်ဘဲ ဘောင်းဘီအိပ်ကပ်ထဲ လက်နှစ်ဖက်ကိုဟန်ပါပါထည့်၍ ရှေ့တည့်တည့်ဆီသို့သာ ကြည့်ပြီး အေးအေးသက်သာပင် လျှောက်လှမ်းလျှက်