🏡 Home 🏡
Part-22 (Unicode+Zawgyi)
ခြံထဲမှာတစ်ယောက်တည်းထိုင်နေရင်း အသက်ကို
ဝအောင်ရှူနေရတယ်။ မျက်နှာကိုလက်နှစ်ဖက်နဲ့ပွတ်သပ်လိုက်မိတော့ နှုတ်ခမ်းထောင့်ကသွေးထွက်နေဆဲဒဏ်ရာကဆစ်ကနဲနာတယ်။ အဲ့တာထက် Ji က သူ့ကိုနာကျင်အောင်လုပ်ရက်လေတယ်ဆိုတဲ့ အသိကတော့ ဟိုးရင်ထဲအနက်ရှိုင်းဆုံးနေရာကနေကို နာကျင်ရတယ်။ သူတို့နှစ်ဦးစလုံးနှင့်နီးစပ်သိကျွမ်းသည့် လူတော်တော်များများကပြောကြတယ်။ Seungri က သိပ်ကံကောင်းတာပဲတဲ့။ Ji က သူ့ကိုဆို သိပ်ချစ်လို့တဲ့လေ။ ဟက် . . သိပ်ချစ်တတ်သည့်လူကြီးက ဒဏ်ရာတွေပေးတာကိုကျတော့ ဘယ်သူမှမမြင်ကြတော့ဘူးမလား။ဒီ ၁၂ နှစ်တာကာလအတွင်းမှာ သူကရော Ji ကိုဘယ် လောက်ချစ်ခဲ့ရသလဲ။ အစစအရာရာမှာ ဇီဇာကြောင်လွန်းတဲ့ ထိုလူ့အပေါ်ကို ဘယ်လောက်ထိသည်းခံဖြည့် ဆည်းပေးခဲ့ရတယ်ဆိုတာ သူကိုယ်တိုင်သာအသိဆုံးပင်။ အခုတော့ သူတို့နှစ်ဦးကြားထဲက ဆယ်စုနှစ်မကရှိတဲ့ သံယောဇဉ်တွေဆိုတာ ဘာတွေများလဲလို့ ပြန်ပြီးမေးခွန်းထုတ်ရတော့မည့်ပုံပင်။
သူ့ဘဝမှာ ဂုဏ်အယူရဆုံးက သူရရှိခဲ့တဲ့အောင်မြင်မှုတွေမဟုတ်ခဲ့ဘူး။ Ji ရဲ့ အချစ်တွေကို အပြည့်အဝရရှိထားတဲ့ လူတစ်ယောက်ဖြစ်တယ်ဆိုတာပဲ။ Ji က သူ့ကိုဆို သိပ်ချစ်တယ်ဆိုတာ သူကောင်းကောင်းသိတာပေါ့။ ဒါပေမယ့် သူ့ကိုသိပ်ချစ်နေရင်းနဲ့ပဲ တခြားတစ်ယောက်ကိုလည်း ထပ်ပြီးချစ်နေနိုင်သေးလားဆိုတာကိုတော့ သူ့သေချာမသိဘူး။ Ji နဲ့ပတ်သက်တဲ့အရာရာတိုင်းကို သူတစ်ယောက်တည်းသာ မူပိုင်ရချင်တဲ့လောဘကတော့ နှစ်တွေကြာလာလေ ပိုပြီးခိုင်မာလာလေပင်။
အိမ်ထောင်ကျပြီး သိပ်မကြာခင်ကာလတွေတုန်းက တော့ Ji နဲ့ သူဟာ အမြဲတကျက်ကျက်ပဲ။ သူတို့နှစ်ဦးအတွက် ရန်ဖြစ်စရာ၊ စကားများစရာ အကြောင်းတရားတွေက ကုန်နိုင်တယ်လို့ကိုမရှိခဲ့ဘူး။ နောက်ပိုင်းနှစ်တွေကြာလာတော့ သူတို့နှစ်ဦးကြားမှာ နားလည်မှုတွေရော၊ ယုံကြည်မှုတွေပါ ပိုပြီးများလာပြီလို့ ထင်နေခဲ့ပေမယ့် အခုပုံအတိုင်းဆိုရင်တော့ ထိုအရာတွေကလည်း အတု အယောင်တွေပဲထင်ပါရဲ့။ Ji ကလည်း သူ့ကိုခုထိ မယုံ ကြည်နိုင်သေးသလို သူကိုယ်တိုင်လည်း Ji ကို ယုံကြည်နေဖို့မသင့်တော့ဘူးဆိုတာကို သေချာသိလိုက်ရတော့တယ်။