🏡 Home 🏡 (Part-4) U+Z

517 32 0
                                    

🏡 Home 🏡

Part-4 (Unicode+Zawgyi)

'Papa . . . Papa'

Peachy ရဲ့ နှုတ်က ထွက်လာတဲ့ အသံပီပီသသလေး

အလုပ်သွားဖို့ မှန်ရှေ့မှာ Necktie ချည်နေတဲ့ Ji မျက်ခုံးပင့်သွားမိတယ် ရင်လည်းဖြတ်ကနဲ ခုန်သွားပြီး Peachy ကို ငုံ့ကြည့်လိုက်မိတယ်

အမွှေးပွကြမ်းခင်းပေါ်မှာ ထိုင်ဆော့နေတဲ့ သားဟာ သူ့ကိုမော့ကြည့်ရင်း ခေါ်လိုက်တာ

သေချာတယ် သူကြားလိုက်တာ

သူ သားအနားကို ချက်ချင်းရောက်သွားမိပြီး သားကိုပွေ့ချီမယူလိုက်တယ်

'သား . . . Papa ကို ခေါ်လိုက်တာလား . . . ထပ်ခေါ်ပါဦး သားလေးရယ် Papa လို့လေ Papa '

'Papa . . .'

သားရဲ့ နှုတ်ခမ်းပါးပါးရဲရဲလေးတွေ လှုပ်ရှားပြီးထွက်လာတဲ့ စကားသံလေးဟာ ကမ္ဘာပေါ်က အေးမြဆုံးသော စမ်းချောင်းလေး သူ့ရဲ့ နားထဲကတဆင့် ရင်ထဲထိ နက်နက်ရှိုင်းရှိုင်း စိမ့်နေအောင် စီးဝင်သွားသလိုပဲ ကြက်သီးလေးတွေပါ ထသွားမိတယ်

ဒီအချိန်သူ့မျက်နှာပေါ်က ကြည်နူးပီတိ အပြုံးဟာ ကမ္ဘာပေါ်မှာ အချိုဆုံးဖြစ်နေလောက်ရဲ့

သားရဲ့ ပါးရဲရဲအိအိလေးကို ခပ်ကြာကြာလေး နမ်းမွှေးနေမိတယ်

ဒီအချိန်မှာ Daisy လေးကို မျက်နှာသစ်ပေးပြီး ရေချိုးခန်းထဲကထွက်လာတဲ့ Ri က

'Oppa . . . ခုထိ အောက်မဆင်းသေးဘူးလား . . . အလုပ်နောက်ကျဦးမယ် ဒီနေ့ Meeting ရှိတာကို . . . သွား သွား မနက်စာ ဆင်းစားနှင့်တော့ . . . သားကိုပေး မျက်နှာသစ်ပေးရမယ်'

Ri က သမီးကို အိပ်ရာပေါ် အသာချထားလိုက်ပြီး သားကိုချီဖို့ လက်လှမ်းရင်း သူတို့အနားရောက်လာတယ်

'သားရေ Peachy လေး . . . Papa ကို Papa လို့ခေါ်ပြလိုက်ပါဦး Papa . . . Papa'

Peachy က သူ့လက်သေးသေးနုနုလေးတွေနဲ့ Ji ရဲ့ မျက်နှာကို အုပ်ကိုင်လိုက်ရင်း

'Papa . . . Papa'

အံ့သြလွန်းလို့ ထင်ပါရဲ့ Ri ရဲ့မျက်လုံးအစုံဟာ ပြူးကျယ်သွားပြီး ပါးစပ်ကိုလက်နဲ့တောင် အုပ်လျှက်သား

Home (Completed)Where stories live. Discover now