[Zawgyi]
Part 1
စိမ်းစို သာယာလှပနေတဲ့ နွေရာသီရဲ့မနက်ခင်းတစ်ခုနဲ့အတူ ပျော်မြူးစွာစကားပြောနေကြတဲ့
သူငယ်ချင်းတစ်စု ထိုအထဲမှ စကားတစ်လုံးမှမပြောပဲ အေးဆေးတည်ငြိမ်လွန်းနေတဲ့ ကောင်လေးတစ်ယောက်"ဟဲ့.....ရွက်ငယ် "
"ငြိမ်လှချည်လား ဘာဖြစ်နေတာလည်း"
"ဘာမှမဖြစ်ပါဘူး"
"ငါတို့ ကန်တင်းသွားမို့လိုက်အုံးမှာလား"
"မလိုက်တော့ဘူး"
"အေး..အဲ့ဒါဆိုအတန်းထဲရောက်မှတွေ့မယ်"
"အင်း.."ရွက်ငယ် ရှေ့ဆက်လျှောက်လာချိန် ဘေးမှကားကဗွက်အိုင်ကို ဖြတ်မောင်းသွားတာကြောင့် သူ့ကိုစင်သွားသည်။ကားပြတင်းပေါက်မှ သူ့ကိုလှမ်းပြောလာတဲ့ လူတစ်ယောက်
"မင်းဘာဖြစ်သွားသေးလည်း "
"ဘာ...ဘာမှမဖြစ်ပါဘူး"
"ဘာမှမဖြစ်လည်းပြီးတာပဲ "ထိုလူက စကားကိုခပ်ပြတ်ပြတ်ပြောပြီး ကားကိုဆက်မောင်းသွားသည်။ရွက်ငယ် ထိုလူကိုဒေါသထွက်ကမဲ့အစား ပျော်နေမိသည်။သူပျော်မှာပေါ့
ထိုလူကသူအတွေ့ချင်ဆုံးသောလူ နာမည်ကဘုန်းမင်းရှိန် ဘုန်မင်း 10တန်းတုန်းက ရွက်ငယ်က 8 တန်းပေါ့ ရွက်ငယ် ဘုန်းမင်းကိုတွေ့တိုင်း အမြဲခိုးကြည့်တယ် ဘုန်းမင်းအကြောင်း အစကအဆုံးအကုန်သိအောင် စုံစမ်းတယ် ပြောရမယ်ဆိုရင် ရွက်ငယ်အလယ်တန်းကတည်းက တိတ်တခိုး ချစ်ခဲ့ရတဲ့လူပေါ့ ဒါပေမဲ့ ဘုန်းမင်းကတော့ သူ့ကိုရှိတယ်လို့တောင်မမြင် ဘုန်းမင်းက သူဌေးသား
ရုပ်ကလည်းအပြစ်ပြောစရာမရှိ
ဆံပင်ကို အနောက်ကိုအမြဲလှန်ဖီးတာ ကြောင့် ရှင်းသန့်နေတဲ့ သူ့ရဲ့မျက်နှာ ပြီးတော့ဆွဲဆောင်မှုရှိလွန်းတဲ့ သူ့ရဲ့ရွှေလည်တိုင် သူ့နဲ့နှုတ်ခမ်းပါးထပ်က အမွှေးလေးတွေက အရမ်းဆွဲဆောင်မှာရှိတာကြောင့် ပျိုတိုင်းကြိုက်တဲ့ နှင်းဆီခိုင်ကြီးပေါ့
အဲ့ဒီအထဲမှာ ရွက်ငယ်ဆိုတဲ့ကောင်လေးလည်း အပါအဝင်ဖြစ်သည်။ ရွက်ငယ်ကလည်း လူကြိုက်များတဲ့ကောင်လေးတစ်ယောက်ပါပဲ အသားက ဖြူဖွေးနေပြီး ဆံပင်တွေက ရှေ့နဖူးပြင်ပေါ်ဝဲကျနေတာကြောင့် ကလေးတစ်ယောက်လိုချစ်ဖို့ကောင်းနေသည်။ ပါးချိုင့်လေးနဲ့မို့ရယ်လိုက်ရင် ချစ်စရာကောင်းလွန်းသည်။ပြီးတော့ စမ်းရေလိုကြည်လင်ဝိုင်းစက်နေတဲ့သူ့မျက်ဝန်းက ညှို့အားပြင်းလွန်းသည်။မိန်းကလေးတစ်ယောက်လို ချောမောနေတာကြောင့် မိန်းကလေးတွေအပြင် ယောကျာ်းလေးတွေကပါ ရွက်ငယ်ကို ကြိုက်ကြသည်။ရွက်ငယ် အတွေးထဲနစ်မျောနေတာကြောင့် ဘေးမှာရောက်နေတဲ့ ဆက်ရှင်းခကိုသတိမထားမိ