[Unicode]
Part 4"တီ..တီ.." (ကားဟွန်းတီးသံ)
အိမ်ရှေ့က ကားဟွန်းတီးသံကြောင့် ဒေါ်မေမိုးငယ် နဲ့ သံသာတို့အိမ်ထဲကပြေးထွက်လာကြသည်။
ရွက်ငယ်ကိုမြင်တော့........"သား.....တစ်ညလုံးဘယ်တွေသွားနေတာ လည်း အမေနဲ့မင်းအဖေတစ်ညလုံး စိတ်ပူနေတာ ဖုန်းခေါ်တာလည်း မင်းကဖုန်းမကိုင်ဘူး"
"ဟုတ်ပ့ ရွက်ငယ်ရယ် ညကဒေါ်ဒေါ်ငါ့ရှိကိုဖုန်းဆက်တော့ ငါနင်ကိုစိတ်ပူနေတာ ပြောပါအုံးခုဘယ်ကပြန်လာတာလည်း"
"အဲ့ဒါက ကိုယ်တို့ညကပါတီပွဲလုပ်တာ ရွက်ငယ်မသောက်တတ်ဘူးလို့ပြောတာကို နည်နည်းသောက်ခိုင်းလိုက်တာ မူးသွားတယ်လေ အိမ်ပြန်ပို့ဖို့ကြတော့ အိမ်မသိလို့ ကိုယ့်အိမ်မှာပဲ အိပ်ခိုင်းလိုက်တာ"ဘုန်းမင်းရှိန် ဝင်ပြောတော့ သံသာ ရွက်ငယ်ကို စိတ်ဆိုးနေတဲ့ရုပ်က ချက်ချင်းဆိုသလိုပြောင်းလဲသွားသည်။
"ဟုတ်လား ကိုဘုန်းမင်းရှိန် နဲ့ဆိုရင်တော့ သံသာစိတ်ချပါတယ်"
"ရွက်ငယ်ကိုဂရုစိုက်ပေးလို့ ကျေးဇူးပါသားရယ်
ရွက်ငယ်ကနှလုံးရောဂါရှိနဲ့မို့ နောက်လည်းဂရုစိုက်ပေးပါအုံး"
"ဟုတ်ကဲ့ပါ ဒေါ်ဒေါ် ကျွန်တော်ရွက်ငယ်ကို ဂရုစိုက်ပေးပါ့မယ်"
"ကေျးဇူးပါကွယ် "
"မေမေ သားတို့ ကျောင်းသွားတော့မယ်"
"မနက်စာ စားမသွားတော့ဘူးလား"
"ကေျာင်းရောက်မှပဲ စားလိုက်တော့မယ်"
"အေး..အေး အဲ့ဒါဆိုလည်းသွားကြတော့"
"ရွက်ငယ် နင်က ကိုဘုန်းမင်းရှိန်နဲ့ သွားတော့ ငါကတစ်ယောက်တည်းသွားရမှာလား.."
"ကိုယ်တို့နဲ့လိုက်ခဲ့ သံသာ "
"ဟုတ်တယ်လေ သံသာငါတို့နဲ့လိုက်ခဲ့ နင့်ကားကိုအိမ်မှာထားခဲ့"
"ပြီးရော အဲ့ဒါဆိုလည်းသွားကြမယ်"
"ရွက်ငယ် ငါအရှေ့မှာထိုင်မယ် "
"ထိုင်လေ ငါအနောက်မှာသွားထိုင်လိုက်မယ်"ဘုန်းမင်းရှိန် ကားကိုမောင်းထွက်လာခဲ့သည်။ကားမောင်းနေရင်း သံသာကို တစ်ချက်တစ်ချက်ကြည့်လိုက်ချိန် သံသာကလည်း ဘုန်းမင်းရှိန်ကို
မခိုတရိုနဲ့ ပြန်ပြန်ကြည့်သည်။ရွက်ငယ်ကတော့ ဘာမှမသိဘဲ ဘုန်းမင်းရှိန်ပြောတဲ့ ချစ်တယ်ဆိုတဲ့စကားကိုအဟုတ်မှတ်ပြီးအတွေးများနဲ့ ကြည်နူးနေမိသည်။ဘုန်းမင်းရှိန်နဲ့သံသာကတော့ တစ်မျက်နှာတစ်ယောက်ကြည့်ပြီး မျက်လုံးချင်းစကားပြောနေကြသည်။ဘုန်းမင်းရှိန် သံသာကို
ကြည့်လိုက်ချိန် သံသာကလည်း သူ့ကိုကြည့်နေတာကြောင့် မျက်လုံးတစ်ဖက်မှိတ်ပြလိုက်တော့ သံသာ ရှက်ကို့ရှက်ကန်းနဲ့ တစ်ဘက်ပြန်လှည့်သွားသည်။ရွက်ငယ်ကတော့ တစ်ယောက်တည်း
အတွေးတွေနဲ့ပျော်နေတာကြောင့် ကျောင်းရောက်တာကိုပင် သတိမထားမိ.....