Part 7

77 7 2
                                    

[Unicode]
Part 7

"ကိုဆက်ရှင်းခ သင်သာရဲ့လား..."
"အင်း ကိုယ်သက်သာတယ် ရွက်ငယ်ရော အဆင်ပြေရဲ့လား...."
"ကျွန်တော်က ဘာမှမဖြစ်ပါဘူး..."
"ဒါနဲ့ ကိုဆက်ရှင်းခနဲ့ ကိုဘုန်း ဘာဖြစ်ကြတာလဲ."
~~~~~~~~~~~~~~~~~~~~~~~~~~~~~~
~~~~~~~~~~~~~~~~~~~~~~~~
ဆက်ရှင်းခ ဖြစ်ပျက်ခဲ့တဲ့အရာအားလုံးကို ရွက်ငယ်ကိုပြန်ပြောပြလိုက်သည်။

"အဲ့ဆို ကျွန်တော်ကြောင့် ဖြစ်ကြတာပေါ့"
"ရွက်ငယ်ကြောင့်မဟုတ်ပါဘူးကွာ ဘုန်းမင်းရှိန်ဆိုတဲ့ လူယုတ်မာကောင်ကြောင့်ဖြစ်တာ.."
"ဘာပဲဖြစ်ဖြစ် ရွက်ငယ် နဲ့မကင်းဘူးလေ.."
"အဲ့လိုမတွေးပါနဲ့ကွာ "
"ရွက်ငယ်ကို ကိုယ်တောင်းပန်ပါတယ်
ရွက်ငယ်ချစ်ရတဲ့ လူကိုနာကြင်အောင်လုပ်မိလို့"
"တောင်းပန်စရာမလိုပါဘူး ရွက်ငယ်ကသာ ကိုဆက်ရှင်းခကို တောင်းပန်ရမှာပါ.."
"ရွက်ငယ်ကြောင့် အခုလိုဖြစ်ရတာ.."
"ရွက်ငယ်ကို နာကျင်အောင်လုပ်တဲ့ ဘယ်သူမဆို ကိုယ်ကတော့ အခုလိုလုပ်မှာပဲ.."
"ကိုဆက်ရှင်းခအရွက် ကျွန်တော်ကအဲ့လောက်အရေးပါတာလား...."
"ဟုတ်တယ်...ဒီကမ်ဘာ မှာကိုယ့်အတွက်ရွက်ငယ်က အရေးပါဆုံးပဲ.."
"ကိုယ်ရွက်ငယ်ကို ချစ်တယ် ကိုယ့်ကိုပြန်စဉ်းစားပေးပါ့လားကွာ"
"ကိုဆက်ရှင်းခ ကျွန်တော်ကိုဘယ်လောက်ချစ်လည်း ကျွန်တော်သိပါတယ် ဒါပေမဲ့ ကျွန်တော်
ခုထိ ကိုဘုန်းကိုချစ်နေတုံးပဲ ကျွန်တော်ကိုဘုန်းကိုမေ့နိုင်တဲ့တစ်နေ့ ကိုဆက်ရှင်းခကိုပြန်ချစ်မိမှာပါ...."

ရွက်ငယ်စကားကြောင့် ဆက်ရှင်းခ ပျော်သွားသည်။

"ဘုန်းမင်းရှိန်ကို အမြန်ဆုံးမေ့နိုင်ပါစေလို့ ကိုယ်ဆုတောင်းပါတယ်.."
"အဲ့ဆို ရွက်ငယ်ဆရာဝန်ဆီသွားလိုက်အုံးမယ်.."
"အင်း...သွားလေ"

ရွက်ငယ် ဆက်ရှင်းခ အခြေအနေ​မေးဖို့ ဆရာဝန်နားနေခန်းထဲ သွွားလိုက်သည်။

"ဒေါက်...ဒေါက်.."(တံခါးခေါက်သံ)
"ဝင်လာခဲ့ပါ"

ရွက်ငယ် တံခါးခေါက်ပြီး ဝင်လာခဲ့ပါဆိုတာ
ကြောင့် ဝင်သွားလိုက်သည်။ရွက်သွားဝင်လိုက်တော့ ဘုန်းမင်းရှိန်နဲ့ သံသာ ပါရောက်နေသည်။
သံသာဘေးခုံမှာ ဝင်ထိုင်ပြီး ဆရာဝန်ကို ဆက်ရှင်းခ အခြေအနေကိုမေးလိုက်သည်။

🍃ကြွေလွင့် ရွက်ငယ်🍃Where stories live. Discover now